တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Yoo Ah In ကို ရုပ်ရှင်ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေသိကြမှာပါ။ သူကတော့ မထင်မှတ်ထားတဲ့သတင်းတစ်ခုနဲ့အတူ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
မင်းသားYoo Ah In ကတော့ Propofol ကို ပုံမှန်အသုံးပြုမှုကြောင့် စုံစမ်းစစ်ဆေးခြင်းခံနေရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ သူ့ရဲ့အေဂျင်စီကလည်း ဒီသတင်းဟာမှန်ကန်ကြောင်း နဲ့ လက်ရှိမှာမင်းသားဟာ ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်းဆေးမှုကိုပါဝင်လုပ်ဆောင်နေကြောင်းနဲ့အခုလိုသတင်းထွက်ပေါ်လာစေတဲ့အတွက်တောင်းပန်ထားတာလည်း ဖြစ်ပါတယ်။
Propofol ဟာ လွယ်ကူစွာအိပ်ပျော်သွားစေတာဖြစ်ပြီး ခွဲစိတ်ခန်းတွေမှာအသုံးပြုလေ့ရှိပါတယ်။ ဒီဆေးဟာ ခွဲစိတ်ခန်းပြင်ပမှာအသုံးပြုလို့ခွင့်မရှိတာကြောင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအက်ဥပဒေကိုချိုးဖောက်မှုနဲ့စစ်ဆေးခံနေရတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသားရဲ့ဆံပင်တွေကိုယူပြီးတော့ ပုံမှန်အသုံးပြုမှုရှိမရှိစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Propofol ကိုအသုံးပြုမှုကြောင့် စုံစမ်းစစ်ဆေးမှုခံနေရတဲ့မင်းသား Yoo Ah In