“Although I Am Not a Hero” ဆိုတဲ့ဒရမ်မာသစ်မှာ မင်းသား Jang Ki Yong ကို အဓိကဇာတ်ဆောင်နေရာအတွက် ကမ်းလှမ်းထားတယ်လို့ သတင်းတွေထွက်ရှိလာခဲ့ပါတယ်။ မင်းသားရဲ့ အေဂျင်စီကတော့ ဒီသတင်းမှန်ကန်ကြောင်း အတည်ပြုထားပါတယ်။
YG Entertainment ကတော့ “Although I Am Not a Hero မှာ မင်းသား Jang Ki Yong ကို ကမ်းလှမ်းထားတယ်ဆိုတာ မှန်ပါတယ်။ လက်ရှိမှာပါဝင်ဖို့အတွက်သုံးသပ်နေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးဘူး” လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းကတော့ သဘာဝလွန်စွမ်းအားတွေကိုပိုင်ဆိုင်ထားတဲ့မိသားစုဟာ စွမ်းအားတွေကိုဆုံးရှုံးသွားရတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဒရမ်မာအမျိုးအစား ဖြစ်ပါတယ်။
မင်းသားဟာ လက်ရှိခေတ်မှာဖြစ်ပေါ်လာတဲ့ရောဂါတစ်ခုကြောင့်သဘာဝလွန်စွမ်းအားကိုဆုံးရှုံးခဲ့ရတဲ့အမျိုးသားတစ်ဦးနေရာကနေ ပါဝင်ထားတာပါ။ Jang Ki Yong ကတော့ (၂၀၂၁) ခုနှစ်သြဂုတ်လမှာစစ်မှုထမ်းဆောင်ခြင်းစတင်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှာပြီးဆုံးမှာဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
စစ်မှုထမ်းဆောင်ပြီးနောက် ဒရမ်မာသစ်မှာပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့မင်းသား Jang Ki Yong