The Glory Part 2ရဲ့ ပိုစတာပုံရိပ်တွေနဲ့အတူ ပရိသတ်တွေကိုဆွဲဆောင်နေခဲ့တဲ့ Song Hye Kyo

ထိပ်တန်းမင်းသမီး Song Hye Kyo ကတော့ ဒရမ်မာဇာတ်လမ်းတွဲ The Glory နဲ့အတူ အောင်မြင်မှုတွေရရှိနေပြန်တာပါ။ ဒီဇာတ်လမ်းတွဲကတော့ Part 1 ထုတ်လွှင့်ပြီးနောက်ပိုင်းမှာ ဇာတ်လမ်းဇာတ်ကွက်အပြင် ပါဝင်တဲ့သရုပ်ဆောင်တွေဟာလည်း ပရိသတ်တွေကြားရေပန်းစားတဲ့အထိအောင်မြင်မှုများခဲ့ပါတယ်။


မတ်လမှာထုတ်လွှင့်ပြသသွားမယ့် The Glory ဟာ ပိုစတာပုံရိပ်တွေနဲ့အတူ Teaser ထွက်ရှိလာခဲ့ပါတယ်။ ဒီပိုစတာတွေမှာတော့ ကလဲ့စားချေလိုမှုတွက်စိတ်အားထက်သန်နေတဲ့အမျိုးသမီးမွန်းဒုံအွန်းအဖြစ် Song Hye Kyo ကိုမြင်တွေ့ရတာ ပရိသတ်တွေကို မကြည့်ဘဲမနေနိုင်အောင်ဆွဲဆောင်လိုက်သလိုပါပဲ။ Part 1 ဟာလည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အစွမ်းကုန်ရယူခဲ့ပြီးသလို ဘယ်လိုဇာတ်သိမ်းမှာလဲဆိုတဲ့ စာရေးဆရာမ Kim Eun Sook ရဲ့လက်ရာက စိတ်ဝင်စားစရာပါပဲ။


The Glory ဟာ ငယ်ရွယ်တဲ့အထက်တန်းကျောင်းသူအရွယ်မှာ ရွယ်တူသူငယ်ချင်းတွေဆီကနေ အကြမ်းဖက်မှုနဲ့ အုပ်စုလိုက်အနိုင်ကျင့်မှုကိုခံစားခဲ့ရတဲ့ ခါးသီးတဲ့ဘဝအတွေ့အကြုံတွေနဲ့အမျိုးသမီးတစ်ယောက်အကြောင်းကိုအခြေခံထားတာပါ။ ဒီအမျိုးသမီးလေးအရွယ်ရောက်လာပြီးနောက်သူ အေးစက်မာကျောခဲ့တဲ့သူရဲ့စိတ်နှလုံးသားနဲ့အတူ ဘဝတစ်ခုလုံးကိုလောင်းကြေးထပ်ပြီး အားလုံးကိုလက်စားချေဖို့ကြိုးစားတဲ့ဇာတ်လမ်းဟာ ပရိသတ်တွေကိုဆွဲဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Zawgyi ဖြင့်ဖတ်ရန်

The Glory Part 2ရဲ႕ ပိုစတာပုံရိပ္ေတြနဲ႔အတူ ပရိသတ္ေတြကိုဆြဲေဆာင္ေနခဲ့တဲ့ Song Hye Kyo
ထိပ္တန္းမင္းသမီး Song Hye Kyo ကေတာ့ ဒရမ္မာဇာတ္လမ္းတြဲ The Glory နဲ႔အတူ ေအာင္ျမင္မႈေတြရရွိေနျပန္တာပါ။ ဒီဇာတ္လမ္းတြဲကေတာ့ Part 1 ထုတ္လႊင့္ၿပီးေနာက္ပိုင္းမွာ ဇာတ္လမ္းဇာတ္ကြက္အျပင္ ပါဝင္တဲ့သ႐ုပ္ေဆာင္ေတြဟာလည္း ပရိသတ္ေတြၾကားေရပန္းစားတဲ့အထိေအာင္ျမင္မႈမ်ားခဲ့ပါတယ္။


မတ္လမွာထုတ္လႊင့္ျပသသြားမယ့္ The Glory ဟာ ပိုစတာပုံရိပ္ေတြနဲ႔အတူ Teaser ထြက္ရွိလာခဲ့ပါတယ္။ ဒီပိုစတာေတြမွာေတာ့ ကလဲ့စားေခ်လိုမႈတြက္စိတ္အားထက္သန္ေနတဲ့အမ်ိဳးသမီးမြန္းဒုံအြန္းအျဖစ္ Song Hye Kyo ကိုျမင္ေတြ႕ရတာ ပရိသတ္ေတြကို မၾကည့္ဘဲမေနႏိုင္ေအာင္ဆြဲေဆာင္လိုက္သလိုပါပဲ။ Part 1 ဟာလည္း ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈကို အစြမ္းကုန္ရယူခဲ့ၿပီးသလို ဘယ္လိုဇာတ္သိမ္းမွာလဲဆိုတဲ့ စာေရးဆရာမ Kim Eun Sook ရဲ႕လက္ရာက စိတ္ဝင္စားစရာပါပဲ။


The Glory ဟာ ငယ္႐ြယ္တဲ့အထက္တန္းေက်ာင္းသူအ႐ြယ္မွာ ႐ြယ္တူသူငယ္ခ်င္းေတြဆီကေန အၾကမ္းဖက္မႈနဲ႔ အုပ္စုလိုက္အႏိုင္က်င့္မႈကိုခံစားခဲ့ရတဲ့ ခါးသီးတဲ့ဘဝအေတြ႕အႀကဳံေတြနဲ႔အမ်ိဳးသမီးတစ္ေယာက္အေၾကာင္းကိုအေျခခံထားတာပါ။ ဒီအမ်ိဳးသမီးေလးအ႐ြယ္ေရာက္လာၿပီးေနာက္သူ ေအးစက္မာေက်ာခဲ့တဲ့သူရဲ႕စိတ္ႏွလုံးသားနဲ႔အတူ ဘဝတစ္ခုလုံးကိုေလာင္းေၾကးထပ္ၿပီး အားလုံးကိုလက္စားေခ်ဖို႔ႀကိဳးစားတဲ့ဇာတ္လမ္းဟာ ပရိသတ္ေတြကိုဆြဲေဆာင္ခဲ့တာလည္း ျဖစ္ပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x