ထိပ်တန်းမင်းသားဖြစ်တဲ့ Yoo Ah In ကတော့ လက်ရှိမှာ Propofol သုံးစွဲမှုကြောင့် စုံစမ်းစစ်ဆေးခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ မင်းသားကတော့ Propofol သုံးစွဲမှုရှိမရှိကိုဆံပင်ကိုယူပြီးဆေးစစ်ထားကာ ရလဒ်ကိုတော့ မသိရသေးပါဘူး။
အခြားစစ်ဆေးမှုအနေနဲ့ဆီးစစ်ထားတာဖြစ်ပြီး ဆေးခြောက်သုံးစွဲထားတယ်ဆိုတဲ့ စစ်ဆေးချက်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ Yoo Ah In ကတော့ နာမည်ကျော်မင်းသားဖြစ်တာနဲ့အညီ ရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးထားသလို နာမည်ကျော်အမှတ်တံဆိပ်များစွာနဲ့ လက်တွဲလုပ်ကိုင်နေတာပါ။ မီဒီယာတွေရဲ့သတင်းတွေအရ MUSINSA ဆိုတဲ့ဖက်ရှင်ကုမ္ပဏီကလည်းမင်းသားနဲ့ပတ်သတ်တဲ့ကြော်ငြာတွေကို ဖြုတ်ချခဲ့ပါတယ်။
ဒါ့အပြင် NEPA နဲ့ ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့I’m Vita စတဲ့ကုမ္ပဏီတွေကလည်း မင်းသားနဲ့ပတ်သက်တာတွေအကုန်ဖြုတ်ချခဲ့ပါတယ်။ Yoo Ah In နဲ့အတူလက်ရှိရိုက်ကူးထားတဲ့ဇာတ်ကားတွေဟာလည်း ပြသဖို့ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
စုံစမ္းစစ္ေဆးျခင္းခံေနရတာနဲ႔ပတ္သက္ၿပီး အမွတ္တံဆိပ္မ်ားမွေၾကာ္ျငာေတြကို ျဖဳတ္ခ်ခံခဲ့ရတဲ့မင္းသား Yoo Ah In
ထိပ္တန္းမင္းသားျဖစ္တဲ့ Yoo Ah In ကေတာ့ လက္ရွိမွာ Propofol သုံးစြဲမႈေၾကာင့္ စုံစမ္းစစ္ေဆးျခင္းခံေနရတာပဲ ျဖစ္ပါတယ္။ မင္းသားကေတာ့ Propofol သုံးစြဲမႈရွိမရွိကိုဆံပင္ကိုယူၿပီးေဆးစစ္ထားကာ ရလဒ္ကိုေတာ့ မသိရေသးပါဘူး။
အျခားစစ္ေဆးမႈအေနနဲ႔ဆီးစစ္ထားတာျဖစ္ၿပီး ေဆးေျခာက္သုံးစြဲထားတယ္ဆိုတဲ့ စစ္ေဆးခ်က္ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ Yoo Ah In ကေတာ့ နာမည္ေက်ာ္မင္းသားျဖစ္တာနဲ႔အညီ ႐ုပ္ရွင္ဇာတ္ကားမ်ားစြာ႐ိုက္ကူးထားသလို နာမည္ေက်ာ္အမွတ္တံဆိပ္မ်ားစြာနဲ႔ လက္တြဲလုပ္ကိုင္ေနတာပါ။ မီဒီယာေတြရဲ႕သတင္းေတြအရ MUSINSA ဆိုတဲ့ဖက္ရွင္ကုမၸဏီကလည္းမင္းသားနဲ႔ပတ္သတ္တဲ့ေၾကာ္ျငာေတြကို ျဖဳတ္ခ်ခဲ့ပါတယ္။
ဒါ့အျပင္ NEPA နဲ႔ ေဆးကုမၸဏီတစ္ခုျဖစ္တဲ့I’m Vita စတဲ့ကုမၸဏီေတြကလည္း မင္းသားနဲ႔ပတ္သက္တာေတြအကုန္ျဖဳတ္ခ်ခဲ့ပါတယ္။ Yoo Ah In နဲ႔အတူလက္ရွိ႐ိုက္ကူးထားတဲ့ဇာတ္ကားေတြဟာလည္း ျပသဖို႔ရပ္ဆိုင္းထားတယ္လို႔ သိရပါတယ္။