BLACKPINK အဖွဲ့ဝင် Rosé ကတော့ အောင်မြင်ကျော်ကြားတဲ့အိုင်ဒေါတစ်ယောက်ဖြစ်သလို နာမည်ကျော်အမှတ်တံဆိပ်တွေနဲ့လက်တွဲလုပ်ကိုင်နေတဲ့ နာမည်ကျော်တစ်ယောက်လည်း ဖြစ်ပါတယ်။ Rosé ကတော့ အခုဆိုရင် အသက်(၂၆)ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။
သူကတော့ သူ့ရဲ့မွေးနေ့မှာအင်စတာဂရမ်မှာပုံ (၃) ပုံတင်ခဲ့ပြီး “26” လို့ရေးသားကာ မွေးနေ့ကို ဂုဏ်ပြုခဲ့ပါတယ်။ သူကတော့ မွေးနေ့ကိတ်လေးနဲ့အတူ ကလေးဘဝပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပြန်တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ချစ်စရာကောင်းတဲ့ပုံလေးကိုသဘောကျခဲ့ကြပြီး မွေးနေ့ဆုတောင်းတွေပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။
အခုဆိုရင်တော့ ပရိသတ်တွေချစ်ရတဲ့ နာမည်ကျော်အိုင်ဒေါ Rosé ကတော့ အသက်(၂၆) နှစ်ရှိခဲ့ပြီဖြစ်ပြီး အောင်မြင်မှုများစွာရရှိထားတဲ့နာမည်ကျော်တစ်ယောက်အဖြစ်ရပ်တည်နေတာပါ။ လက်ရှိမှာလည်း BLACKPINK အဖွဲ့ဝင်တွေနဲ့အတူ မြောက်အမေရိက၊ ဥရောပနဲ့ အာရှမှာ World Tour ဖျော်ဖြေနေတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင်ဖတ်ရန်
ကလေးဘဝပုံရိပ်လေးကိုမျှဝေပြီး (၂၆) နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုခဲ့တဲ့ Rosé