Money Heist Korea မင်းသမီး Jeon Jong Seo ရဲ့ ဖခင်သေဆုံး

Posted on

ဆွဲဆောင်မှုရှိတဲ့မင်းသမီးချော Jeon Jong Seo ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ ထိတ်လန့်သည်းဖိုရုပ်ရှင်ဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့သူဖြစ်ပြီး Money Heist: Korea – Joint Economic Area ရုပ်သံဇာတ်လမ်းတွဲနဲ့အတူ နိုင်ငံတကာပရိသတ်ကိုရရှိထားသူလည်း ဖြစ်ပါတယ်။


မင်းသမီးရဲ့ဖခင်ဖြစ်သူကတော့ ကာလကြာရှည်ကျန်းမာရေးချို့ယွင်းလာတာကြောင့်ကုသနေရင်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ မင်းသမီးရဲ့အေဂျင်စီ ANDMARQ ကတော့ ဖခင်ဖြစ်သူသေဆုံးမှုကိုကြေညာခဲ့ပြီး ဈာပနအခမ်းအနားကို မိသားစုဝင်တွေနဲ့နီးစပ်ရာအသိုင်းအဝိုင်းတချို့နဲ့ ကျင်းပသွားမယ်လို့ ဆိုပါတယ်။


မင်းသမီး Jeon Jong Seo ကတော့ (၂၀၁၈) ခုနှစ်မှာ Burning ရုပ်ရှင်ဇာတ်ကားနဲ့အတူ ပွဲဦးထွက်လာခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အောင်မြင်မှုတွေရရှိနေတဲ့မင်းသမီးတစ်လက်အဖြစ်ရပ်တည်နေတာပါ။ ဖခင်ဖြစ်သူဆုံးရှုံးသွားရတဲ့မင်းသမီး Jeon Jong Seo နဲ့ မိသားစုအတွက် ဝမ်းနည်းကြေကွဲစရာပါပဲ။
Zawgyi ဖြင့်ဖတ်ရန်

Money Heist Korea မင္းသမီး Jeon Jong Seo ရဲ႕ ဖခင္ေသဆုံး
ဆြဲေဆာင္မႈရွိတဲ့မင္းသမီးေခ်ာ Jeon Jong Seo ကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ သူကေတာ့ ထိတ္လန႔္သည္းဖို႐ုပ္ရွင္ဇာတ္ကားေတြနဲ႔နာမည္ႀကီးတဲ့သူျဖစ္ၿပီး Money Heist: Korea – Joint Economic Area ႐ုပ္သံဇာတ္လမ္းတြဲနဲ႔အတူ ႏိုင္ငံတကာပရိသတ္ကိုရရွိထားသူလည္း ျဖစ္ပါတယ္။


မင္းသမီးရဲ႕ဖခင္ျဖစ္သူကေတာ့ ကာလၾကာရွည္က်န္းမာေရးခ်ိဳ႕ယြင္းလာတာေၾကာင့္ကုသေနရင္း ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ မင္းသမီးရဲ႕ေအဂ်င္စီ ANDMARQ ကေတာ့ ဖခင္ျဖစ္သူေသဆုံးမႈကိုေၾကညာခဲ့ၿပီး ဈာပနအခမ္းအနားကို မိသားစုဝင္ေတြနဲ႔နီးစပ္ရာအသိုင္းအဝိုင္းတခ်ိဳ႕နဲ႔ က်င္းပသြားမယ္လို႔ ဆိုပါတယ္။


မင္းသမီး Jeon Jong Seo ကေတာ့ (၂၀၁၈) ခုႏွစ္မွာ Burning ႐ုပ္ရွင္ဇာတ္ကားနဲ႔အတူ ပြဲဦးထြက္လာခဲ့သူျဖစ္ၿပီး လက္ရွိမွာေတာ့ ေအာင္ျမင္မႈေတြရရွိေနတဲ့မင္းသမီးတစ္လက္အျဖစ္ရပ္တည္ေနတာပါ။ ဖခင္ျဖစ္သူဆုံးရႈံးသြားရတဲ့မင္းသမီး Jeon Jong Seo နဲ႔ မိသားစုအတြက္ ဝမ္းနည္းေၾကကြဲစရာပါပဲ။