မင်းသား Hyun Bin ကတော့ မကြာသေးခင်က DAZED Korea မဂ္ဂဇင်းနဲ့အတူ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပါတယ်။ သူကတော့ ဓမကြာသေးခင်ကဘဝကအကြီးအကျယ်ပြောင်းလဲ့ခဲ့ပြီး အရာရာတိုင်းကကွဲပြားခြားနားသွားပါတယ်။ မမြင်ဖူးမကြားဖူးသေးတာတွေစတင်ကြုံလာခဲ့တယ်။ ပိုပြီးတော့ လေးလေးနက်နက်တွေးဖြစ်လာတယ် ။ ငါပျော်လာတယ်။” လို့ ဆိုပါတယ်။
ဒါ့အပြင် “ငါအလုပ်တွေပြီးသွားလို့အိမ်ပြန်လာတဲ့အခါမှာ အဲ့ဒါကိုဘယ်လိုပြောရမလဲ လုံးဝကိုပြီးပြည့်စုံတာမျိုးခံစားရတယ်။ အဲ့ဒီခံစားချက်ကို ဘယ်လိုဖော်ပြရမလဲမသိဘူး။” လို့ ဆိုပြီးတော့ သူ့ရဲ့အိမ်ထောင်ရေးအပေါ်မှာ ပျော်ရွှင်ကျေနပ်မှုအပြည့်အဝနဲ့ရှင်သန်နေရတာကို ဖော်ပြခဲပါတယ်။ Hyun Bin နဲ့သူ့ဇနီး Son Ye Jin တို့ဟာ သားဦးလေးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ မွေးဖွားခဲ့ပါတယ်။
လက်ရှိမှာအနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေတဲ့မင်းသားဟာ The Point Men ဆိုတဲ့ရုပ်ရှင်ကားအတွက် လူသိများအောင် Promote လုပ်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Harbin ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း အခုနှစ်အတွင်းမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဖေဖေ Hyun Bin ကတော့ အလုပ်တွေဆက်တိုက်လုပ်နေပြီး ဇနီးနဲ့သားလေးတို့နဲ့အတူ သာယာပျော်ရွှင်တဲ့ဘဝလေးကို ဖြတ်သန်းနေပုံပါပဲ။
Zawgyi ဖြင့်ဖတ်ရန်
ဖခင္တစ္ေယာက္ျဖစ္လာၿပီးေနာက္ပိုင္းမွာ ဘဝႀကီးကိုေက်နပ္ေပ်ာ္႐ႊင္ေနရေၾကာင္းေျပာျပလာတဲ့ မင္းသား Hyun Bin
မင္းသား Hyun Bin ကေတာ့ မၾကာေသးခင္က DAZED Korea မဂၢဇင္းနဲ႔အတူ အင္တာဗ်ဴးတစ္ခုျပဳလုပ္ခဲ့ပါတယ္။ သူကေတာ့ ဓမၾကာေသးခင္ကဘဝကအႀကီးအက်ယ္ေျပာင္းလဲ့ခဲ့ၿပီး အရာရာတိုင္းကကြဲျပားျခားနားသြားပါတယ္။ မျမင္ဖူးမၾကားဖူးေသးတာေတြစတင္ႀကဳံလာခဲ့တယ္။ ပိုၿပီးေတာ့ ေလးေလးနက္နက္ေတြးျဖစ္လာတယ္ ။ ငါေပ်ာ္လာတယ္။” လို႔ ဆိုပါတယ္။
ဒါ့အျပင္ “ငါအလုပ္ေတြၿပီးသြားလို႔အိမ္ျပန္လာတဲ့အခါမွာ အဲ့ဒါကိုဘယ္လိုေျပာရမလဲ လုံးဝကိုၿပီးျပည့္စုံတာမ်ိဳးခံစားရတယ္။ အဲ့ဒီခံစားခ်က္ကို ဘယ္လိုေဖာ္ျပရမလဲမသိဘူး။” လို႔ ဆိုၿပီးေတာ့ သူ႔ရဲ႕အိမ္ေထာင္ေရးအေပၚမွာ ေပ်ာ္႐ႊင္ေက်နပ္မႈအျပည့္အဝနဲ႔ရွင္သန္ေနရတာကို ေဖာ္ျပခဲပါတယ္။ Hyun Bin နဲ႔သူ႔ဇနီး Son Ye Jin တို႔ဟာ သားဦးေလးကို ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာ ေမြးဖြားခဲ့ပါတယ္။
လက္ရွိမွာအႏုပညာအလုပ္ေတြဆက္တိုက္လုပ္ကိုင္ေနတဲ့မင္းသားဟာ The Point Men ဆိုတဲ့႐ုပ္ရွင္ကားအတြက္ လူသိမ်ားေအာင္ Promote လုပ္ေနတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Harbin ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားကိုလည္း အခုႏွစ္အတြင္းမွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။ ေဖေဖ Hyun Bin ကေတာ့ အလုပ္ေတြဆက္တိုက္လုပ္ေနၿပီး ဇနီးနဲ႔သားေလးတို႔နဲ႔အတူ သာယာေပ်ာ္႐ႊင္တဲ့ဘဝေလးကို ျဖတ္သန္းေနပုံပါပဲ။