နာမည်ကျော်မင်းသမီး Park Min Young ရဲ့အေဂျင်စီကတော့ ရည်းစားဟောင်းဖြစ်သူနဲ့ပတ်သက်ပြီးလက်ရှိမှာ စုံစမ်းစစ်ဆေးခံရတဲ့အကြောင်းကို စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ မင်းသမီးဟာ “Love In Contract” ဇာတ်လမ်းတွဲရိုက်ကူးနေချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ဒိတ်နေတယ်ဆိုပြီး Dispatch မှ သတင်းထွက်ရှိလာခဲ့တာပါ။
သတင်းထွက်ရှိပြီးနောက်မှာ သူတို့နှစ်ဦးဟာ လမ်းခွဲခဲ့ကြပြီဆိုတဲ့အကြောင်းကို အေဂျင်စီဖြစ်တဲ့ Hook Entertainment မှ ထုတ်ပြန်ခဲ့ပါတယ်။ အခုအခါမှာ မင်းသမီးရဲ့ချစ်သူဟောင်းမစ္စတာကန်ဟာ စတော့တွေကိုတရားမဝင်ဈေးကစားတာကြောင့်ဖမ်းဆီးခံထားရတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့မင်းသမီးPark Min Young ကိုပါ စုံစမ်းမေးမြန်းခြင်းပြုခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှာ အေဂျင်စီမှ စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
“ကျွန်ုပ်တို့အေဂျင်စီရဲ့မင်းသမီး Park Min Young ဟာ စုံစမ်းစစ်ဆေးခြင်းခံနေရပြီး ပြည်ပထွက်ခွာခွင့်ပိတ်ထားတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ရှင်းလင်းလိုပါတယ်။ Park Min Young ကတော့ လက်ရှိစုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး သက်သေအဖြစ်ဆင်ခေါ်တာရှိခဲ့ပေမဲ့ ပြည်ပထွက်ခွာဖို့အတွက်ပိတ်ပင်ထားခြင်းမရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုနောက်ကျတဲ့အတွက် တောင်းပန်ပါတယ်” လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ရည္းစားေဟာင္းေၾကာင့္ ရဲတပ္ဖြဲ႕မွစုံစမ္းစစ္ေဆးျခင္းခံခဲ့ရျခင္းနဲ႔ပတ္သက္ၿပီး ရွင္းလင္းခဲ့တဲ့ Park Min Young ရဲ႕ေအဂ်င္စီ
နာမည္ေက်ာ္မင္းသမီး Park Min Young ရဲ႕ေအဂ်င္စီကေတာ့ ရည္းစားေဟာင္းျဖစ္သူနဲ႔ပတ္သက္ၿပီးလက္ရွိမွာ စုံစမ္းစစ္ေဆးခံရတဲ့အေၾကာင္းကို စာတစ္ေစာင္ထုတ္ျပန္ခဲ့ပါတယ္။ မင္းသမီးဟာ “Love In Contract” ဇာတ္လမ္းတြဲ႐ိုက္ကူးေနခ်ိန္မွာ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးနဲ႔ဒိတ္ေနတယ္ဆိုၿပီး Dispatch မွ သတင္းထြက္ရွိလာခဲ့တာပါ။
သတင္းထြက္ရွိၿပီးေနာက္မွာ သူတို႔ႏွစ္ဦးဟာ လမ္းခြဲခဲ့ၾကၿပီဆိုတဲ့အေၾကာင္းကို ေအဂ်င္စီျဖစ္တဲ့ Hook Entertainment မွ ထုတ္ျပန္ခဲ့ပါတယ္။ အခုအခါမွာ မင္းသမီးရဲ႕ခ်စ္သူေဟာင္းမစၥတာကန္ဟာ စေတာ့ေတြကိုတရားမဝင္ေဈးကစားတာေၾကာင့္ဖမ္းဆီးခံထားရတာျဖစ္ၿပီး ဒီကိစၥနဲ႔ပတ္သက္လို႔မင္းသမီးPark Min Young ကိုပါ စုံစမ္းေမးျမန္းျခင္းျပဳခဲ့တာ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီးလည္း ေဖေဖာ္ဝါရီလ(၁၅)ရက္ေန႔မွာ ေအဂ်င္စီမွ စာတစ္ေစာင္ထုတ္ျပန္ခဲ့ပါတယ္။
“ကြၽႏ္ုပ္တို႔ေအဂ်င္စီရဲ႕မင္းသမီး Park Min Young ဟာ စုံစမ္းစစ္ေဆးျခင္းခံေနရၿပီး ျပည္ပထြက္ခြာခြင့္ပိတ္ထားတယ္ဆိုတဲ့သတင္းေတြနဲ႔ပတ္သက္ၿပီး ရွင္းလင္းလိုပါတယ္။ Park Min Young ကေတာ့ လက္ရွိစုံစမ္းစစ္ေဆးမႈနဲ႔ပတ္သက္ၿပီး သက္ေသအျဖစ္ဆင္ေခၚတာရွိခဲ့ေပမဲ့ ျပည္ပထြက္ခြာဖို႔အတြက္ပိတ္ပင္ထားျခင္းမရွိပါဘူး။ ဒီကိစၥနဲ႔ပတ္သက္ၿပီး တုံ႔ျပန္မႈေနာက္က်တဲ့အတြက္ ေတာင္းပန္ပါတယ္” လို႔ ဆိုပါတယ္။