HyunA နဲ့ Dawn တို့နှစ်ဦးကတော့ ပရိသတ်တွေချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲဖြစ်ခဲ့တာပါ။ သူတို့နှစ်ဦးကတော့ (၆)နှစ်ကြာတွဲခဲ့ကြပြီးနောက် ပြတ်စဲသွားကြပြီလို့ ပြီးခဲ့တဲ့နိုဝင်ဘာလက အတိအလင်းကြေညာခဲ့တာပါ။
အဲ့ဒီနောက်ပိုင်းမှာတော့ HyunA နဲ့ Dawn တို့ဟာ ပြန်လည်တွဲနေကြပြီဆိုတဲ့သတင်းတွေပေါ်ထွက်ခဲ့ပြီး နှစ်ဖက်စလုံးမှ ငြင်းဆိုထားပါတယ်။ အခုတစ်ခါမှာလည်း သူတို့နှစ်ဦးကတော့ အနုပညာပြခန်းတစ်ခုကိုအတူသွားခဲ့တဲ့ပုံရိပ်တွေထွက်ပေါ်လာခဲ့တာပါ။ ဖေဖော်ဝါရီလ(၁၂)ရက်နေ့က HyunA နဲ့ရင်းနှီးတဲ့အနုပညာရှင် Sanchae ရဲ့ပြပွဲကို နှစ်ယောက်သားအတူလာခဲ့တဲ့ပုံရိပ်တွေထွက်ပေါ်လာပြီးနောက် ပြန်လည်တွဲနေကြပြီလို့ သတင်းတွေထွက်နေခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Dawn ရဲ့အေဂျင်စီကတော့ “Dawn ဟာ HyunA နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတုန်းပဲ” လို့ ဆိုထားပါတယ်။ ပရိသတ်တော်တော်များများကတော့ သူတို့နှစ်ဦးပြန်အဆင်ပြေဖို့မျှော်လင့်နေကြမှာအမှန်ပါပဲ။
Zawgyi ဖြင်ဖတ်ရန်
အႏုပညာျပခန္းကိုအတူသြားခဲ့တဲ့ပုံရိပ္ေတြထြက္ေပၚလာတဲ့ HyunA နဲ႔ Dawn
HyunA နဲ႔ Dawn တို႔ႏွစ္ဦးကေတာ့ ပရိသတ္ေတြခ်စ္ခင္ရတဲ့ အႏုပညာရွင္စုံတြဲျဖစ္ခဲ့တာပါ။ သူတို႔ႏွစ္ဦးကေတာ့ (၆)ႏွစ္ၾကာတြဲခဲ့ၾကၿပီးေနာက္ ျပတ္စဲသြားၾကၿပီလို႔ ၿပီးခဲ့တဲ့ႏိုဝင္ဘာလက အတိအလင္းေၾကညာခဲ့တာပါ။
အဲ့ဒီေနာက္ပိုင္းမွာေတာ့ HyunA နဲ႔ Dawn တို႔ဟာ ျပန္လည္တြဲေနၾကၿပီဆိုတဲ့သတင္းေတြေပၚထြက္ခဲ့ၿပီး ႏွစ္ဖက္စလုံးမွ ျငင္းဆိုထားပါတယ္။ အခုတစ္ခါမွာလည္း သူတို႔ႏွစ္ဦးကေတာ့ အႏုပညာျပခန္းတစ္ခုကိုအတူသြားခဲ့တဲ့ပုံရိပ္ေတြထြက္ေပၚလာခဲ့တာပါ။ ေဖေဖာ္ဝါရီလ(၁၂)ရက္ေန႔က HyunA နဲ႔ရင္းႏွီးတဲ့အႏုပညာရွင္ Sanchae ရဲ႕ျပပြဲကို ႏွစ္ေယာက္သားအတူလာခဲ့တဲ့ပုံရိပ္ေတြထြက္ေပၚလာၿပီးေနာက္ ျပန္လည္တြဲေနၾကၿပီလို႔ သတင္းေတြထြက္ေနခဲ့တာပါ။
ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ Dawn ရဲ႕ေအဂ်င္စီကေတာ့ “Dawn ဟာ HyunA နဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးရွိေနတုန္းပဲ” လို႔ ဆိုထားပါတယ္။ ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ သူတို႔ႏွစ္ဦးျပန္အဆင္ေျပဖို႔ေမွ်ာ္လင့္ေနၾကမွာအမွန္ပါပဲ။