Go Kyung Pyo နဲ့ Kang Ha Na တို့နှစ်ဦးကိုတော့ JTBC ရဲ့ဒရမ်မာသစ်မှာမြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ သရုပ်ဆောင်နှစ်ဦးဟာ “No Secrets” လို့ အမည်ရတဲ့ ဒရမ်မာသစ်မှာပါဝင်လာမယ်လို့ ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။
“No Secrets” ကတော့ နာမည်ကြီးကြေညာသူတစ်ယောက်နဲ့ variety show ကိုရေးသားတဲ့ စာရေးသူတို့နှစ်ဦးအကြောင်းကိုရိုက်ကူးထားတဲ့ Melodrama အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ အိမ်မက်တွေနဲ့အောင်မြင်မှုနောက်လိုက်ကြတဲ့ ကျော်ကြားသူဆယ်လီတစ်ယောက်နဲ့ ဆယ်လီမဟုတ်တဲ့သူနှစ်ဦးကြားကဇာတ်လမ်းကိုပုံဖော်ထားတာပါ။ Go Kyung yo ကတော့ သတင်းကြေညာသူတစ်ယောက်ဖြစ်ပြီး ရောဂါတစ်မျိုးကိုခံစားခဲ့ရတဲ့ Song Ki Baek နေရာကပါဝင်ထားပါတယ်။
Kang Han Na ကတော့ variety show ကိုရေးသားတဲ့ စာရေးဆရာမတစ်ယောက်ဖြစ်ပြီး ရှိုးတစ်ခုမှာ Song Ki Baek နဲ့အတူပါဝင်ဖို့အကြောင်းဖန်လာခဲ့တဲ့ On Woo Joo အဖြစ် ပါဝင်လာမှာပါ။ KEYEAST ကထုတ်လုပ်မှာဖြစ်တဲ့ဒီဒရမ်မာကတော့ (၂၀၂၃) ခုနှစ်အတွင်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ဒရမ္မာအသစ္မွာပါဝင္ဖို႔အတည္ျပဳလိုက္တဲ့ Go Kyung Pyo နဲ႔ Kang Ha Na
Go Kyung Pyo နဲ႔ Kang Ha Na တို႔ႏွစ္ဦးကိုေတာ့ JTBC ရဲ႕ဒရမ္မာသစ္မွာျမင္ေတြ႕ရေတာ့မွာပဲ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ(၁၄)ရက္ေန႔မွာ သ႐ုပ္ေဆာင္ႏွစ္ဦးဟာ “No Secrets” လို႔ အမည္ရတဲ့ ဒရမ္မာသစ္မွာပါဝင္လာမယ္လို႔ ေၾကညာခဲ့တာပဲ ျဖစ္ပါတယ္။
“No Secrets” ကေတာ့ နာမည္ႀကီးေၾကညာသူတစ္ေယာက္နဲ႔ variety show ကိုေရးသားတဲ့ စာေရးသူတို႔ႏွစ္ဦးအေၾကာင္းကို႐ိုက္ကူးထားတဲ့ Melodrama အမ်ိဳးအစားျဖစ္ပါတယ္။ ဒီဇာတ္လမ္းကေတာ့ အိမ္မက္ေတြနဲ႔ေအာင္ျမင္မႈေနာက္လိုက္ၾကတဲ့ ေက်ာ္ၾကားသူဆယ္လီတစ္ေယာက္နဲ႔ ဆယ္လီမဟုတ္တဲ့သူႏွစ္ဦးၾကားကဇာတ္လမ္းကိုပုံေဖာ္ထားတာပါ။ Go Kyung yo ကေတာ့ သတင္းေၾကညာသူတစ္ေယာက္ျဖစ္ၿပီး ေရာဂါတစ္မ်ိဳးကိုခံစားခဲ့ရတဲ့ Song Ki Baek ေနရာကပါဝင္ထားပါတယ္။
Kang Han Na ကေတာ့ variety show ကိုေရးသားတဲ့ စာေရးဆရာမတစ္ေယာက္ျဖစ္ၿပီး ရႈိးတစ္ခုမွာ Song Ki Baek နဲ႔အတူပါဝင္ဖို႔အေၾကာင္းဖန္လာခဲ့တဲ့ On Woo Joo အျဖစ္ ပါဝင္လာမွာပါ။ KEYEAST ကထုတ္လုပ္မွာျဖစ္တဲ့ဒီဒရမ္မာကေတာ့ (၂၀၂၃) ခုႏွစ္အတြင္းမွာ ျပသသြားမွာ ျဖစ္ပါတယ္။