The Glory ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေကြားရေပန်းစားတဲ့မင်းသမီးတွေထဲမှာ မင်းသမီး Cha Joo Young လည်း ပါဝင်ပါတယ်။ Cha Joo Young ကတော့ ညဏ်များတဲ့လေယာဉ်မယ်တစ်ယောက်အဖြစ် The Glory မှာပါဝင်ထားပြီး ဒရမ်မာသစ် The Real Deal Has Come! မှာမတူညီတဲ့ပုံတွေနဲ့တွေ့ရတာပါ။
KBS 2TV ကပြသမယ့် The Real Deal Has Come! ဇာတ်လမ်းတွဲကတော့ အိမ်ထောင်ရေးကိုဆန့်ကျင်တဲ့အမျိုးသားတစ်ဦးနဲ့ single mom တစ်ယောက်တို့ရဲ့စာချုပ်စာတမ်းနဲ့ပတ်သက်သော ဆက်ဆံရေးတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းမှာတော့ Baek Jin Hee နဲ့ Ahn Jae Hyun တို့ကပါဝင်ထားတာ ဖြစ်ပါတယ်။ The Glory မင်းသမီး Cha Joo Young ကတော့ Ahn Jae Hyun ရဲ့အချစ်ဦးအဖြစ် ပါဝင်ထားတာပါ။
သူဟာ ဒီဇာတ်လမ်းမှာတော့ကုမ္ပဏီတစ်ခုရဲ့ထက်မြက်တဲ့အတွင်းရေးမှူးဇာတ်ရုပ်နဲ့ ပါဝင်ထားတာ ဖြစ်ပါတယ်။ မတ်လမှာ ထုတ်လွှင့်ပြသမယ့်ဒီဇာတ်ကားကတော့ သရုပ်ဆောင်တွေရဲ့ပုံရိပ်တွေ ထွက်ရှိလာခဲ့ပါတယ်။ တည်ငြိမ်လေးနက်တဲ့ပုံရိပ်တွေကတော့ The Glory မှာပရိသတ်တွေကြိုက်နှစ်သက်ရတဲ့ပုံရိပ်နဲ့တော့ ကွဲပြားနေတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ဒရမ်မာသစ်မှာမတူတဲ့ပုံစံနဲ့တွေ့ရမယ့် The Glory မင်းသမီး Cha Joo Young