BTSအဖွဲ့ဝင် Jung Kook ကတော့ နာမည်ကျော်တစ်ယောက်ဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်တစ်ယောက်လည်း ဖြစ်ပါတယ်။ သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Lee Jin Ho ကတော့ Jung Kook ရဲ့ဒိတ်တင်သတင်းကို ထုတ်ဖော်ခဲ့ပါတယ်။
သူကတော့ You Tube ချန်နယ်မှာ BTSအဖွဲ့ဝင် Jung Kook နဲ့ သရုပ်ဆောင် Lee Yoo Bi တို့ဟာ ပြီးခဲ့တဲ့နှစ်မေလမတိုင်ခင်အထိဒိတ်နေကြတယ်လို့ ဆိုပါတယ်။ သူကတော့ Jung Kook တို့နှစ်ဦးကိုအသေးစိတ်လေ့လာပြီးနောက် နှစ်ယောက်စလုံးနဲ့သိတဲ့အတွင်းသိတစ်ယောက်ကတဆင့် (၂၀၂၁) မတိုင်ခင်အထိချိန်းတွေ့နေကြတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ (၂၀၂၁) မတိုင်ခင်အထိတွဲနေကြတာဖြစ်နိုင်ပြီး ပြီးခဲ့တဲ့နှစ်မေလနောက်ပိုင်းမှာ ဆက်လက်တွဲနေကြသလားဆိုတာ မသေချာဘူးလို့ဆိုပါတယ်။
Jung Kook နဲ့ Lee Yoo Bi တို့နှစ်ဦးဟာ ဆင်တူလက်ပတ်လေးတွေဝတ်ဆင်ထားကြတာမျိုးရှိပြီး နာမည်ကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Chanel အိတ်ကိုလည်း Lee Yoo Bi ကိုဝယ်ပေးဖူးတယ်လို့ သိရပါတယ်။ Jung Kook ဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာ ဂျယ်ဂျူးကျွန်းကိုအမျိုးသမီးတစ်ဦးနဲ့သွားခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာ Lee Yoo Bi ရဲ့အင်စတာဂရမ်အကောင့်မှာ ဂျယ်ဂျူးကိုရောက်ရှိနေတဲ့ပုံရိပ်တွေကို တင်ခဲ့တာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
သတင္းေထာက္ Lee Jin Ho ေဖာ္ထုတ္ခဲ့တဲ့ BTSအဖြဲ႕ဝင္ Jung Kook နဲ႔ သ႐ုပ္ေဆာင္ Lee Yoo Bi တို႔ရဲ႕ဒိတ္တင္သတင္း
BTSအဖြဲ႕ဝင္ Jung Kook ကေတာ့ နာမည္ေက်ာ္တစ္ေယာက္ျဖစ္ၿပီး ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းေက်ာ္တစ္ေယာက္လည္း ျဖစ္ပါတယ္။ သတင္းေထာက္တစ္ေယာက္ျဖစ္တဲ့ Lee Jin Ho ကေတာ့ Jung Kook ရဲ႕ဒိတ္တင္သတင္းကို ထုတ္ေဖာ္ခဲ့ပါတယ္။
သူကေတာ့ You Tube ခ်န္နယ္မွာ BTSအဖြဲ႕ဝင္ Jung Kook နဲ႔ သ႐ုပ္ေဆာင္ Lee Yoo Bi တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ေမလမတိုင္ခင္အထိဒိတ္ေနၾကတယ္လို႔ ဆိုပါတယ္။ သူကေတာ့ Jung Kook တို႔ႏွစ္ဦးကိုအေသးစိတ္ေလ့လာၿပီးေနာက္ ႏွစ္ေယာက္စလုံးနဲ႔သိတဲ့အတြင္းသိတစ္ေယာက္ကတဆင့္ (၂၀၂၁) မတိုင္ခင္အထိခ်ိန္းေတြ႕ေနၾကတာကို အတည္ျပဳႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ သူတို႔ႏွစ္ဦးဟာ (၂၀၂၁) မတိုင္ခင္အထိတြဲေနၾကတာျဖစ္ႏိုင္ၿပီး ၿပီးခဲ့တဲ့ႏွစ္ေမလေနာက္ပိုင္းမွာ ဆက္လက္တြဲေနၾကသလားဆိုတာ မေသခ်ာဘူးလို႔ဆိုပါတယ္။
Jung Kook နဲ႔ Lee Yoo Bi တို႔ႏွစ္ဦးဟာ ဆင္တူလက္ပတ္ေလးေတြဝတ္ဆင္ထားၾကတာမ်ိဳးရွိၿပီး နာမည္ေက်ာ္အမွတ္တံဆိပ္ျဖစ္တဲ့ Chanel အိတ္ကိုလည္း Lee Yoo Bi ကိုဝယ္ေပးဖူးတယ္လို႔ သိရပါတယ္။ Jung Kook ဟာ ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလမွာ ဂ်ယ္ဂ်ဴးကြၽန္းကိုအမ်ိဳးသမီးတစ္ဦးနဲ႔သြားခဲ့တာျဖစ္ၿပီး အဲ့ဒီအခ်ိန္မွာ Lee Yoo Bi ရဲ႕အင္စတာဂရမ္အေကာင့္မွာ ဂ်ယ္ဂ်ဴးကိုေရာက္ရွိေနတဲ့ပုံရိပ္ေတြကို တင္ခဲ့တာလည္း ျဖစ္ပါတယ္။