Gong Yoo နဲ့ Seo Hyun Jin တို့ဟာ သရုပ်ဆောင်ပိုင်နိုင်တဲ့ နာမည်ကျော်အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကိုတော့ ဒရမ်မာဇာတ်လမ်းတွဲအသစ်နဲ့အတူ မကြာခင်မှာမြင်တွေ့ရနိုင်ဖွယ်ရှိပါတယ်။
Gong Yoo နဲ့ Seo Hyun Jin တို့ကတော့ Management SOOP ဆိုတဲ့ အေဂျင်စီတစ်ခုတည်းက အနုပညာရှင်တွေဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Netflix ရဲ့ Trunk ဆိုတဲ့မယ်လိုဒရမ်မာမှာပါဝင်လာနိုင်ကြောင်း သတင်းတွေထွက်ရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး “Gong Yoo နဲ့ Seo Hyun Jin တို့နှစ်ဦးကတော့ Trunk မှာပါဝင်ဖို့ကမ်းလှမ်းခံထားရပြီး ဒါနဲ့ပတ်သက်လို့အပြုသဘောဆောင်သုံးသပ်နေဆဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။
Trunk ကတော့ အိမ်ထောင်ဖက်စီစဉ်ပေးတဲ့ လက်ထပ်ခြင်းဝန်ဆောင်မှုအေဂျင်စီ NM အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီအေဂျင်စီရဲ့ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး လက်ထပ်ခြင်းကို အယုံအကြည်မရှိတဲ့အမျိုးသမီးနေရာက Seo Hyun Jin ကပါဝင်သရုပ်ဆောင်မှာပါ။ Gong Yoo ကတော့ ဂီတထုတ်လုပ်သူတစ်ယောက်ဖြစ်ပြီး လက်ထပ်ခြင်းကို လှည့်စားခြင်းလို့ ယုံကြည်ထားသူတစ်ယောက်နေရာကပါဝင်မှာပါ။
Zawgyi ဖြင့်ဖတ်ရန်
ဒရမ္မာသစ္မွာေတြ႕ရမယ့္ Gong Yoo နဲ႔ Seo Hyun Jin
Gong Yoo နဲ႔ Seo Hyun Jin တို႔ဟာ သ႐ုပ္ေဆာင္ပိုင္ႏိုင္တဲ့ နာမည္ေက်ာ္အႏုပညာရွင္ေတြလည္း ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးကိုေတာ့ ဒရမ္မာဇာတ္လမ္းတြဲအသစ္နဲ႔အတူ မၾကာခင္မွာျမင္ေတြ႕ရႏိုင္ဖြယ္ရွိပါတယ္။
Gong Yoo နဲ႔ Seo Hyun Jin တို႔ကေတာ့ Management SOOP ဆိုတဲ့ ေအဂ်င္စီတစ္ခုတည္းက အႏုပညာရွင္ေတြျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ Netflix ရဲ႕ Trunk ဆိုတဲ့မယ္လိုဒရမ္မာမွာပါဝင္လာႏိုင္ေၾကာင္း သတင္းေတြထြက္ရွိခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး “Gong Yoo နဲ႔ Seo Hyun Jin တို႔ႏွစ္ဦးကေတာ့ Trunk မွာပါဝင္ဖို႔ကမ္းလွမ္းခံထားရၿပီး ဒါနဲ႔ပတ္သက္လို႔အျပဳသေဘာေဆာင္သုံးသပ္ေနဆဲျဖစ္ပါတယ္” လို႔ ဆိုပါတယ္။
Trunk ကေတာ့ အိမ္ေထာင္ဖက္စီစဥ္ေပးတဲ့ လက္ထပ္ျခင္းဝန္ေဆာင္မႈေအဂ်င္စီ NM အေၾကာင္းကို ႐ိုက္ကူးထားတာပါ။ ဒီေအဂ်င္စီရဲ႕ဒါ႐ိုက္တာတစ္ေယာက္ျဖစ္ၿပီး လက္ထပ္ျခင္းကို အယုံအၾကည္မရွိတဲ့အမ်ိဳးသမီးေနရာက Seo Hyun Jin ကပါဝင္သ႐ုပ္ေဆာင္မွာပါ။ Gong Yoo ကေတာ့ ဂီတထုတ္လုပ္သူတစ္ေယာက္ျဖစ္ၿပီး လက္ထပ္ျခင္းကို လွည့္စားျခင္းလို႔ ယုံၾကည္ထားသူတစ္ေယာက္ေနရာကပါဝင္မွာပါ။