တစ်ကိုယ်တော်သီချင်းသစ်အတွက် ရိုက်ကူးရေးတွေပြုလုပ်နေတဲ့ Jisoo

Posted on

ဒီနေ့မှာတော့ Jisoo ကိုချစ်တဲ့ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းတစ်ခု ထွက်ရှိလာပါတယ်။ BLACKPINK အဖွဲ့ဝင်(၄)ဦးမှာ Jisoo ကလွဲပြီးကျန်တဲ့အဖွဲ့ဝင်တွေဟာ တစ်ကိုယ်တော်သီချင်းတွေထွက်ရှိထားပြီးဖြစ်တာကြောင့် ပရိသတ်တွေကတော့ Jisoo တစ်ယောက်တစ်ကိုယ်တော်သီချင်းထွက်လာဖို့မျှော်လင့်နေခဲ့ကြတာပါ။


YG Entertainment ကတော့ Jisoo အတွက်တစ်ကိုယ်တော်သီချင်းကို ပြည်ပမှာရိုက်ကူးနေတာဖြစ်ပြီး နေရာကိုတော့လျှို့ဝှက်ထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် BLACKPINK ရဲ့သီချင်းတွေထဲမှာ ကုန်ကျစရိတ်အများဆုံးဖြစ်လာမယ့် သီချင်းဗီဒီယိုလို့သိရပါတယ်။ ဒီလိုသတင်းထွက်ရှိလာပေမဲ့ YG ရဲ့အကသမား ၊ ဝန်ထမ်းတွေနဲ့ BLACKPINK ရဲ့ဒါရိုက်တာတို့ကတော့ အမေရိကန်လော့စ်အိန်ဂျလိစ့်ကိုရောက်ရှိနေကြောင်း မျှဝေခဲ့ကြပါသေးတယ်။


တစ်ကိုယ်တော်သီချင်းကတော့ ဘယ်အချိန်ထွက်ရှိလာမယ်ဆိုတာ အတိအကျမသိရသေးပါဘူး။ လက်ရှိမှာ World Tour လည်းရှိနေတဲ့ Jisoo ကတော့ တစ်ကိုယ်တော်သီချင်းအတွက်လည်း ကြိုးစားနေတာဖြစ်ပါတယ်။ သိပ်မကြာခင်မှာတော့ ပရိသတ်တွေမျှော်လင့်ထားသလိုတစ်ကိုယ်တော်သီချင်းက ထွက်ရှိလာတော့မှာပါနော်။
Zawgyi ဖြင့်ဖတ်ရန်

တစ္ကိုယ္ေတာ္သီခ်င္းသစ္အတြက္ ႐ိုက္ကူးေရးေတြျပဳလုပ္ေနတဲ့ Jisoo
ဒီေန႔မွာေတာ့ Jisoo ကိုခ်စ္တဲ့ပရိသတ္ေတြအတြက္ ဝမ္းသာစရာသတင္းတစ္ခု ထြက္ရွိလာပါတယ္။ BLACKPINK အဖြဲ႕ဝင္(၄)ဦးမွာ Jisoo ကလြဲၿပီးက်န္တဲ့အဖြဲ႕ဝင္ေတြဟာ တစ္ကိုယ္ေတာ္သီခ်င္းေတြထြက္ရွိထားၿပီးျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ Jisoo တစ္ေယာက္တစ္ကိုယ္ေတာ္သီခ်င္းထြက္လာဖို႔ေမွ်ာ္လင့္ေနခဲ့ၾကတာပါ။


YG Entertainment ကေတာ့ Jisoo အတြက္တစ္ကိုယ္ေတာ္သီခ်င္းကို ျပည္ပမွာ႐ိုက္ကူးေနတာျဖစ္ၿပီး ေနရာကိုေတာ့လွ်ိဳ႕ဝွက္ထားတယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ BLACKPINK ရဲ႕သီခ်င္းေတြထဲမွာ ကုန္က်စရိတ္အမ်ားဆုံးျဖစ္လာမယ့္ သီခ်င္းဗီဒီယိုလို႔သိရပါတယ္။ ဒီလိုသတင္းထြက္ရွိလာေပမဲ့ YG ရဲ႕အကသမား ၊ ဝန္ထမ္းေတြနဲ႔ BLACKPINK ရဲ႕ဒါ႐ိုက္တာတို႔ကေတာ့ အေမရိကန္ေလာ့စ္အိန္ဂ်လိစ့္ကိုေရာက္ရွိေနေၾကာင္း မွ်ေဝခဲ့ၾကပါေသးတယ္။


တစ္ကိုယ္ေတာ္သီခ်င္းကေတာ့ ဘယ္အခ်ိန္ထြက္ရွိလာမယ္ဆိုတာ အတိအက်မသိရေသးပါဘူး။ လက္ရွိမွာ World Tour လည္းရွိေနတဲ့ Jisoo ကေတာ့ တစ္ကိုယ္ေတာ္သီခ်င္းအတြက္လည္း ႀကိဳးစားေနတာျဖစ္ပါတယ္။ သိပ္မၾကာခင္မွာေတာ့ ပရိသတ္ေတြေမွ်ာ္လင့္ထားသလိုတစ္ကိုယ္ေတာ္သီခ်င္းက ထြက္ရွိလာေတာ့မွာပါေနာ္။