သရုပ်ဆောင်ထူးချွန်ပြီး စတိုင်ကျတဲ့မင်းသမီး Honey Lee ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ ကလေးမွေးဖွားပြီးနောက် အနုပညာလှုပ်ရှားမှုတွေပြန်လည်စတင်ပြီပဲ ဖြစ်ပါတယ်။
မင်းသမီးကတော့ ကလေးမွေးဖွားပြီးနောက် Flowers that Bloom at Night ဒရမ်မာနဲ့အတူ ပရိသတ်တွေဆီပြန်လာတော့မှာပါ။ ဒီဒရမ်မာကတော့ မုဆိုးမအဖြစ် (၁၅) နှစ်ကြာနေထိုင်ခဲ့တဲ့အမျိုးသမီးနဲ့ လူတကာရဲ့နှစ်သက်သဘောကျခြင်းကိုခံရတဲ့အမျိုးသားလေးတို့နှစ်ဦးကြားက ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
မင်းသမီး Honey Lee ကတော့ ကလေးမွေးဖွားပြီးနောက် ပထမဆုံးဒရမ်မာအနေနဲ့ “Flowers that Bloom at Night” ကိုရွေးချယ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သမိုင်းကြောင်းနောက်ခံဇာတ်ကားကောင်းကိုမြင်တွေ့ရတော့မှာပါ။ ဒီဇာတ်လမ်းတွဲကတော့ My Love from the Star ၊ Tree with Deep Roots နဲ့ Lovers of the Red Sky စတဲ့ဒရမ်မာတွေကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jang Tae Yoo ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ကလေးမွေးဖွားပြီးနောက် ဒရမ်မာသစ်နဲ့ပရိသတ်ဆီပြန်လာတဲ့ Honey Lee