Disney + ရဲ့ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ “Call It Love” ဒရမ်မာ ရဲ့ စာနယ်ဇင်းပွဲကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာတော့ ပါဝင်ကြတဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Kim Young Kwang ၊ Lee Sung Kyung ၊ Sung Joon ၊ EXID အဖွဲ့ဝင် Hani နဲ့ Kim Ye Won တို့ တက်ရောက်ခဲ့ကြပါတယ်။
ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင်တွေတစ်ယောက်နဲ့တစ်ယောက်အချိတ်အဆက်မိဖို့ ကြိုးစားခဲ့တာတွေနဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ အရမ်းခင်ကြတဲ့သူနှစ်ဦးဖြစ်တဲ့ Lee Sung Kyung နဲ့ Kim Young Kwang တို့ကတော့ ဇာတ်ရုပ်ကိုပီပြင်ဖို့အတွက် ရိုက်ကွင်းမှာတစ်ယောက်နဲ့တစ်ယောက် မတွေ့အောင်နေကြတယ်လို့ ဆိုပါတယ်။ လက်တွေ့ဘဝမှာစနောက်ရယ်မောလေ့ရှိကြတဲ့သူတွေပဲ ဖြစ်ပါတယ်။
မင်းသမီး Lee Sung Kyung ကတော့ လုပ်နေကျအတိုင်းပြုမူနေခဲ့ရင်ဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဖော်ဖို့ခက်ခဲကြောင်း ဆိုပါတယ်။ ဒါကြောင့် ရိုက်ကွင်းမှာ ပြင်ပနဲ့ကွဲပြားတဲ့ဇာတ်ရုပ်ကိုအပြည့်အဝသွင်းပြီး ပီပြင်အောင်လုပ်ဆောင်ခဲ့တဲ့အကြောင်း မျှဝေခဲ့ပါတယ်။ “Call It Love” မွာ သူငယ်ချင်းနှစ်ယောက်က ဘယ်လိုတွေကြိုးစားထားတယ်ဆိုတာကို ကြည့်ချင်နေပါပြီ။
Zawgyi ဖြင့်ဖတ်ရန်
အရမ္းခင္တဲ့သူငယ္ခ်င္းေတြျဖစ္ေပမဲ့ ႐ိုက္ကြင္းမွာမေတြ႕ေအာင္ေနၾကရတဲ့ Lee Sung Kyung နဲ႔ Kim Young Kwang
ဇာတ္႐ုပ္ကိုစိတ္အျပည့္သြင္းထားတာ….
Disney + ရဲ႕႐ုပ္သံစီးရီးတစ္ခုျဖစ္တဲ့ “Call It Love” ဒရမ္မာ ရဲ႕ စာနယ္ဇင္းပြဲကို ေဖေဖာ္ဝါရီလ(၂၁)ရက္ေန႔က က်င္းပခဲ့ပါတယ္။ ဒီပြဲမွာေတာ့ ပါဝင္ၾကတဲ့သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Kim Young Kwang ၊ Lee Sung Kyung ၊ Sung Joon ၊ EXID အဖြဲ႕ဝင္ Hani နဲ႔ Kim Ye Won တို႔ တက္ေရာက္ခဲ့ၾကပါတယ္။
ဒီဇာတ္ကားထဲမွာေတာ့ သ႐ုပ္ေဆာင္ေတြတစ္ေယာက္နဲ႔တစ္ေယာက္အခ်ိတ္အဆက္မိဖို႔ ႀကိဳးစားခဲ့တာေတြနဲ႔ပတ္သက္ၿပီး ရွင္းျပခဲ့ပါတယ္။ အရမ္းခင္ၾကတဲ့သူႏွစ္ဦးျဖစ္တဲ့ Lee Sung Kyung နဲ႔ Kim Young Kwang တို႔ကေတာ့ ဇာတ္႐ုပ္ကိုပီျပင္ဖို႔အတြက္ ႐ိုက္ကြင္းမွာတစ္ေယာက္နဲ႔တစ္ေယာက္ မေတြ႕ေအာင္ေနၾကတယ္လို႔ ဆိုပါတယ္။ လက္ေတြ႕ဘဝမွာစေနာက္ရယ္ေမာေလ့ရွိၾကတဲ့သူေတြပဲ ျဖစ္ပါတယ္။
မင္းသမီး Lee Sung Kyung ကေတာ့ လုပ္ေနက်အတိုင္းျပဳမူေနခဲ့ရင္ဇာတ္႐ုပ္ကို ပိုင္ႏိုင္စြာသ႐ုပ္ေဖာ္ဖို႔ခက္ခဲေၾကာင္း ဆိုပါတယ္။ ဒါေၾကာင့္ ႐ိုက္ကြင္းမွာ ျပင္ပနဲ႔ကြဲျပားတဲ့ဇာတ္႐ုပ္ကိုအျပည့္အဝသြင္းၿပီး ပီျပင္ေအာင္လုပ္ေဆာင္ခဲ့တဲ့အေၾကာင္း မွ်ေဝခဲ့ပါတယ္။ “Call It Love” မြာ သူငယ္ခ်င္းႏွစ္ေယာက္က ဘယ္လိုေတြႀကိဳးစားထားတယ္ဆိုတာကို ၾကည့္ခ်င္ေနပါၿပီ။