ဒရမ်မာမှာပါဝင်ဖို့ Audition မှာကိုယ်တိုင်ရေးဆွဲတဲ့ပန်းချီကားကိုပြသခဲ့ရပြီး တစ်နေ့တည်းမှာပဲငိုကြွေးခဲ့ရတယ်ဆိုတဲ့ Kim Hieora

Posted on

The Glory ဇာတ်လမ်းတွဲနာမည်ကြီးခဲ့သလို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Kim Hieora ဟာလည်း ပရိသတ်တွေစိတ်ဝင်စားခြင်းခံရတဲ့မင်းသမီးတစ်လက်ပါ။ သူကတော့ Allure Korea ဆိုတဲ့ဖက်ရှင်မဂ္ဂဇင်းနဲ့အတူ ရိုက်ကူးရေးတွေပြုလုပ်ပြီး အင်တာဗျူးလုပ်ခဲ့ပါတယ်။


သူကတော့ The Glory ဒရမ်မာအတွက် audition ဝင်ခဲ့တဲ့အကြောင်းကို “audition ဝင်ခဲ့တုန်းကဘယ်ဇာတ်ရုပ်မှာပါရမလဲဆိုတာမသိခဲ့ဘူး။ ဒါကြောင့်အကောင်းဆုံးကြိုးစားခဲ့တယ်ဒုတိယအကြိမ်ခေါ်တော့ ဝါသနာအရဆွဲထားတဲ့ပန်းချီကားတစ်ချပ်ရှိပြီး အဲ့ဒါကိုပြခဲ့တယ်။ အိမ်ပြန်သွားပြီးနောက်မှာတော့ ချက်ချင်းပြီးဇာတ်ညွှန်းကိုရရှိခဲ့တာပါ။ အရမ်းပျော်လို့ငိုကြွေးခဲ့ရတယ်” လို့ ဆိုပါတယ်။


ဒါရိုက်တာနဲ့စာရေးဆရာတို့ကြောင့်လည်း အရမ်းကိုအားတက်ခဲ့ရပြီး စာရေးဆရာမ Kim Eun Sook ကတော့ “မင်းဆီမှာငါတွေးခဲ့တဲ့အတိုင်း ဆာရာရဲ့မျက်လုံးတွေရှိနေတယ်” လို့ ဆိုခဲ့ပြီး ဒါရိုက်တာ Ahn Gil Ho ကတော့ “မင်းပုံစံအတိုင်းဖြစ်နေပါ။ မင်းကြိုက်သလို လုပ်ဆောင်ပါ” ဆိုပြီး အားပေးခဲ့ကြတာပါ။ ဒီလိုအားပေးစကားတွေနဲ့အတူ Kim Hieora ကတော့ ဆာရာအဖြစ်နဲ့ပရိသတ်တွေကြိုက်နှစ်သက်အောင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ဒရမ္မာမွာပါဝင္ဖို႔ Audition မွာကိုယ္တိုင္ေရးဆြဲတဲ့ပန္းခ်ီကားကိုျပသခဲ့ရၿပီး တစ္ေန႔တည္းမွာပဲငိုေႂကြးခဲ့ရတယ္ဆိုတဲ့ Kim Hieora
The Glory ဇာတ္လမ္းတြဲနာမည္ႀကီးခဲ့သလို ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ Kim Hieora ဟာလည္း ပရိသတ္ေတြစိတ္ဝင္စားျခင္းခံရတဲ့မင္းသမီးတစ္လက္ပါ။ သူကေတာ့ Allure Korea ဆိုတဲ့ဖက္ရွင္မဂၢဇင္းနဲ႔အတူ ႐ိုက္ကူးေရးေတြျပဳလုပ္ၿပီး အင္တာဗ်ဴးလုပ္ခဲ့ပါတယ္။


သူကေတာ့ The Glory ဒရမ္မာအတြက္ audition ဝင္ခဲ့တဲ့အေၾကာင္းကို “audition ဝင္ခဲ့တုန္းကဘယ္ဇာတ္႐ုပ္မွာပါရမလဲဆိုတာမသိခဲ့ဘူး။ ဒါေၾကာင့္အေကာင္းဆုံးႀကိဳးစားခဲ့တယ္ဒုတိယအႀကိမ္ေခၚေတာ့ ဝါသနာအရဆြဲထားတဲ့ပန္းခ်ီကားတစ္ခ်ပ္ရွိၿပီး အဲ့ဒါကိုျပခဲ့တယ္။ အိမ္ျပန္သြားၿပီးေနာက္မွာေတာ့ ခ်က္ခ်င္းၿပီးဇာတ္ၫႊန္းကိုရရွိခဲ့တာပါ။ အရမ္းေပ်ာ္လို႔ငိုေႂကြးခဲ့ရတယ္” လို႔ ဆိုပါတယ္။


ဒါ႐ိုက္တာနဲ႔စာေရးဆရာတို႔ေၾကာင့္လည္း အရမ္းကိုအားတက္ခဲ့ရၿပီး စာေရးဆရာမ Kim Eun Sook ကေတာ့ “မင္းဆီမွာငါေတြးခဲ့တဲ့အတိုင္း ဆာရာရဲ႕မ်က္လုံးေတြရွိေနတယ္” လို႔ ဆိုခဲ့ၿပီး ဒါ႐ိုက္တာ Ahn Gil Ho ကေတာ့ “မင္းပုံစံအတိုင္းျဖစ္ေနပါ။ မင္းႀကိဳက္သလို လုပ္ေဆာင္ပါ” ဆိုၿပီး အားေပးခဲ့ၾကတာပါ။ ဒီလိုအားေပးစကားေတြနဲ႔အတူ Kim Hieora ကေတာ့ ဆာရာအျဖစ္နဲ႔ပရိသတ္ေတြႀကိဳက္ႏွစ္သက္ေအာင္သ႐ုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။