မင်းသား Cha Eun Woo ကတော့ Island ဒရမ်မာရဲ့ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ Island ဒရမ်မာရဲ့ Part 2 မထွက်ခင်မှာ ကိုရီးယားမီဒီယာတွေနဲ့အင်တာဗျူးလုပ်ခဲ့ပါတယ်။
Part 1 ကိုထုတ်လွှင့်ပြသခဲ့စဉ်က မင်းသားဟာ Choi Tae Joon နဲ့တွဲပြီးတော့ညီအစ်ကိုတွေအဖြစ်သရုပ်ဆောင်ခဲ့ပြီး စိတ်ခံစားမှုကိုဖော်ပြတဲ့သရုပ်ဆောင်ချက်တွေကြောင့် လူပြောများခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာသူ့အတွက်အခက်ခဲဆုံးနဲ့ အကြိုက်နှစ်သက်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုကောင်းမွန်တဲ့ဇာတ်ဝင်ခန်းကိုသရုပ်ဖော်ခဲ့တဲ့သူတို့နှစ်ဦးဟာ စကားတွေပြောဖြစ်ခဲ့ကြပြီး Choi Tae Joon ဘက်က စာနာတတ်ပြီးအများကြီးကူညီခဲ့တယ်လို့ဆိုပါတယ်။
“ဇာတ်ဝင်ခန်းရိုက်ကူးနေချိန်မှာအသဲတွေကွဲသွားတယ်လို့ ထင်ပါတယ်။ဇာတ်ညွှန်းကိုဖတ်ပြီးနောက်ငိုကြွေးခဲ့တယ်။ ကိုယ့်ရဲ့ညီအစ်ကိုဖြစ်သူကိုကိုယ်တိုင်သတ်ရတဲ့ဇာတ်ဝင်ခန်းပါတယ်။ ကျွန်တော့်မှာလည်း ညီလေးရှိတဲ့အတွက်ကြောင့် ညီအစ်ကိုတွေကြားကခံစားချက်ကိုနားလည်တယ်။ ညီအစ်ကိုပတ်သက်မှုကိုနက်နက်နဲနဲဖော်ပြချင်ခဲ့တဲ့ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Island ဒရမ္မာရဲ႕ ဇာတ္ၫႊန္းကိုဖတ္ၿပီး ညီျဖစ္သူကိုသတိရတာေၾကာင့္ ငိုေႂကြးခဲ့တဲ့ Cha Eun Woo
မင္းသား Cha Eun Woo ကေတာ့ Island ဒရမ္မာရဲ႕႐ိုက္ကြင္းေနာက္ကြယ္ကပုံရိပ္ေတြကို မွ်ေဝခဲ့ပါတယ္။ Island ဒရမ္မာရဲ႕ Part 2 မထြက္ခင္မွာ ကိုရီးယားမီဒီယာေတြနဲ႔အင္တာဗ်ဴးလုပ္ခဲ့ပါတယ္။
Part 1 ကိုထုတ္လႊင့္ျပသခဲ့စဥ္က မင္းသားဟာ Choi Tae Joon နဲ႔တြဲၿပီးေတာ့ညီအစ္ကိုေတြအျဖစ္သ႐ုပ္ေဆာင္ခဲ့ၿပီး စိတ္ခံစားမႈကိုေဖာ္ျပတဲ့သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ လူေျပာမ်ားခဲ့ပါတယ္။ ဒီဇာတ္ဝင္ခန္းဟာသူ႔အတြက္အခက္ခဲဆုံးနဲ႔ အႀကိဳက္ႏွစ္သက္ဆုံးလည္း ျဖစ္ခဲ့ပါတယ္။ ဒီလိုေကာင္းမြန္တဲ့ဇာတ္ဝင္ခန္းကိုသ႐ုပ္ေဖာ္ခဲ့တဲ့သူတို႔ႏွစ္ဦးဟာ စကားေတြေျပာျဖစ္ခဲ့ၾကၿပီး Choi Tae Joon ဘက္က စာနာတတ္ၿပီးအမ်ားႀကီးကူညီခဲ့တယ္လို႔ဆိုပါတယ္။
“ဇာတ္ဝင္ခန္း႐ိုက္ကူးေနခ်ိန္မွာအသဲေတြကြဲသြားတယ္လို႔ ထင္ပါတယ္။ဇာတ္ၫႊန္းကိုဖတ္ၿပီးေနာက္ငိုေႂကြးခဲ့တယ္။ ကိုယ့္ရဲ႕ညီအစ္ကိုျဖစ္သူကိုကိုယ္တိုင္သတ္ရတဲ့ဇာတ္ဝင္ခန္းပါတယ္။ ကြၽန္ေတာ့္မွာလည္း ညီေလးရွိတဲ့အတြက္ေၾကာင့္ ညီအစ္ကိုေတြၾကားကခံစားခ်က္ကိုနားလည္တယ္။ ညီအစ္ကိုပတ္သက္မႈကိုနက္နက္နဲနဲေဖာ္ျပခ်င္ခဲ့တဲ့ဇာတ္ဝင္ခန္းတစ္ခု ျဖစ္ခဲ့ပါတယ္” လို႔ ဆိုပါတယ္။