ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့မင်းသမီး Son Eun Seo ကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ ဒရမ်မာဇာတ်လမ်းတွဲများစွာမှာပါဝင်ဖူးတာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုရရှိထားတာပါ။
မင်းသမီးကတော့ လက်ရှိမှာ BA Entertainment ရဲ့စီအီးအိုဖြစ်သူ Jang Won Suk နဲ့တွဲနေတာလည်း ဖြစ်ပါတယ်။ ဒီထုတ်လုပ်ရေးကုမ္ပဏီကတော့ The Outlaws (2017) ကဲ့သို့ဇာတ်ကားတွေကို ထုတ်လပ်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ Just Entertainment ကတော့ ” Son Eun Seo ဟာ စီအီးအို Jang Won Suk နဲ့ နက်ရှိုင်းသောဆက်ဆံရေးရှိနေတယ်” လို့ ဆိုပါတယ်။
(၁၉၈၅) ခုနှစ်ဖွားမင်းသမီး Son Eun Seo ကတော့ Disney + ရဲ့စီးရီးဖြစ်တဲ့ “Casino” နဲ့ “Voice” နဲ့ “Payback”တို့မှာပါဝင်သရုပ်မဆောင်ခင်မှာ ကြော်ငြာမော်ဒယ်လ်အနေနဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲကိုစတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ စီအီးအိုဖြစ်သူနဲ့တွဲနေကြောင်း အတည်ပြုခဲ့တဲ့ Son Eun Seo