တစ်နှစ်အတွင်းမှာ Propofol (၇၃) ကြိမ်အထိ သုံးစွဲခဲ့တယ်လို့စွပ်စွဲခံထားရတဲ့ Yoo Ah In

မင်းသား Yoo Ah In ကတော့ Propofol သုံးစွဲမှုနဲ့ စုံစမ်းစစ်ဆေးခံထားရတာ ဖြစ်ပါတယ်။ မင်းသားကတော့ Propofol အပြင် ဆေးခြောက်နဲ့အမည်မသိဆေးဝါးတစ်မျိုးကိုလည်းထပ်မံအသုံးပြုခဲ့တယ်လို့ သတင်းတွေထွက်ရှိခဲ့ပါတယ်။


ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှာ မီဒီယာတွေထုတ်ပြန်ချက်အရမင်းသားဟာ ဇန်နဝါရီလကနေ ဒီဇင်ဘာလ (၂၀၂၁) ခုနှစ်အတွင်းမှာ Propofol ကို (၇၃) ကြိမ်အထိထိုးသွင်းမှုရှိခဲ့တယ်လို့ သိရပါတယ်။ သူကတော့ ဒီအချိန်အတွင်းမှာ Propofol (၄,၄၀၀) မီလီမီတာအထိအသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။


ရဲတပ်ဖွဲ့က Yoo Ah In ရဲ့အိမ်ကိုဝင်ရောက်ရှာဖွေခဲ့ရာ လက်ကိုင်ဖုန်း(၂)လုံးကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ United Artists Agency ကတော့ “အခုအချိန်မှာ တိကျတဲ့သတင်းအချက်အလက်တွေကို ရဲတွေဆီကရရှိထားတာမရှိသေးပါဘူး။ Yoo Ah In ကတော့ ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ပါလိမ့်မယ်” လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်






Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x