ရေပန်းအစားဆုံးဒရမ်မာနေရာမှာရှိနေတဲ့ Crash Course in Romance

Good Data Corporation ကတော့ ဖေဖော်ဝါရီလ တတိယအပတ်အတွက်ရေပန်းအစားဆုံးဒရမ်မာတွေကိုဖော်ပြခဲ့ပါတယ်။ ဒီစာရင်းကတော့ ဆောင်းပါးသစ်၊ ဘလော့ပိုစ့်၊ အွန်လိုင်းအသိုင်းအဝိုင်းတွေ ၊ ဆိုရှယ်မီဒီယာပိုစ့်တွေနဲ့ ဗီဒီယိုတွေအပေါ်မှာမူတည်ပြီး ထုတ်ပြန်တာ ဖြစ်ပါတယ်။


Crash Course in Romance ဒရမ်မာကတော့ ထိပ်ဆုံးနေရာမှာရှိနေပြီး Taxi Driver နဲ့ Agency ကတော့ ဒုတိယနဲ့တတိယနေရာတွေမှာရှိနေပါတယ်။ Crash Course in Romanceဆိုတဲ့အချစ်ဟာသဇာတ်လမ်းတွဲကတော့ ပရိသတ်တွေကြားမှာရေပန်းစားနေခဲ့တဲ့ ဇာတ်လမ်းကောင်းလေးလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ မင်းသမီး Jeon Do Yeon နဲ့ မင်းသား Jung Kyung Ho တို့အဓိကပါဝင်ထားတဲ့ စားသောက်ဆိုင်ဖွင့်ထားတဲ့အမျိုးသမီးနဲ့ နာမည်ကျော်ဆရာတစ်ယောက်တို့ကြားက အချစ်ဇာတ်လမ်းလေးပါ။


ဒရမ်မာချစ်သူတွေကတော့ လက်ရှိမှာဒရမ်မာဇာတ်လမ်းတွဲကောင်းတွေကို ကြည့်ရှုနေသလို နောက်လတွေမှာလည်း စောင့်မျှော်နေတဲ့နာမည်ကြီးဒရမ်မာတွေထွက်ရှိလာဖို့ရှိနေပါတယ်။ နံပါတ်တစ်နေရာမှာရှိနေတဲ့ Crash Course in Romance ကိုကြည့်နေတဲ့ပရိသတ်တွေရှိကြလားနော်။
Zawgyi ဖြင့်ဖတ်ရန်

ေရပန္းအစားဆုံးဒရမ္မာေနရာမွာရွိေနတဲ့ Crash Course in Romance
Good Data Corporation ကေတာ့ ေဖေဖာ္ဝါရီလ တတိယအပတ္အတြက္ေရပန္းအစားဆုံးဒရမ္မာေတြကိုေဖာ္ျပခဲ့ပါတယ္။ ဒီစာရင္းကေတာ့ ေဆာင္းပါးသစ္၊ ဘေလာ့ပိုစ့္၊ အြန္လိုင္းအသိုင္းအဝိုင္းေတြ ၊ ဆိုရွယ္မီဒီယာပိုစ့္ေတြနဲ႔ ဗီဒီယိုေတြအေပၚမွာမူတည္ၿပီး ထုတ္ျပန္တာ ျဖစ္ပါတယ္။


Crash Course in Romance ဒရမ္မာကေတာ့ ထိပ္ဆုံးေနရာမွာရွိေနၿပီး Taxi Driver နဲ႔ Agency ကေတာ့ ဒုတိယနဲ႔တတိယေနရာေတြမွာရွိေနပါတယ္။ Crash Course in Romanceဆိုတဲ့အခ်စ္ဟာသဇာတ္လမ္းတြဲကေတာ့ ပရိသတ္ေတြၾကားမွာေရပန္းစားေနခဲ့တဲ့ ဇာတ္လမ္းေကာင္းေလးလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ မင္းသမီး Jeon Do Yeon နဲ႔ မင္းသား Jung Kyung Ho တို႔အဓိကပါဝင္ထားတဲ့ စားေသာက္ဆိုင္ဖြင့္ထားတဲ့အမ်ိဳးသမီးနဲ႔ နာမည္ေက်ာ္ဆရာတစ္ေယာက္တို႔ၾကားက အခ်စ္ဇာတ္လမ္းေလးပါ။


ဒရမ္မာခ်စ္သူေတြကေတာ့ လက္ရွိမွာဒရမ္မာဇာတ္လမ္းတြဲေကာင္းေတြကို ၾကည့္ရႈေနသလို ေနာက္လေတြမွာလည္း ေစာင့္ေမွ်ာ္ေနတဲ့နာမည္ႀကီးဒရမ္မာေတြထြက္ရွိလာဖို႔ရွိေနပါတယ္။ နံပါတ္တစ္ေနရာမွာရွိေနတဲ့ Crash Course in Romance ကိုၾကည့္ေနတဲ့ပရိသတ္ေတြရွိၾကလားေနာ္။

 

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x