ဖန်သားပြင်မှာပြန်လည်မြင်တွေ့ရဖို့ မဖြစ်နိုင်တော့ဘူးလို့ ကောက်ချက်ချခံရတဲ့မင်းသား Yoo Ah In

ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးခြင်းခံခဲ့ရတဲ့ မင်းသား Yoo Ah In ရဲ့သတင်းကတော့ တော်တော်လေးနာမည်ကြီးခဲ့ပါတယ်။ မင်းသားဟာ Propofol၊ ဆေးခြောက်အပြင် ဆေးတစ်မျိုးကိုပါအသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။


Yoo Ah In ဟာ ဖန်သားပြင်ကိုပြန်လည်ပေါ်ထွက်လာမလားဆိုတာ မေးခွန်းထုတ်စရာတစ်ခုရှိခဲ့ပါတယ်။ အခြားသော မူးယစ်ဆေးဝါးကိစ္စတွေမှာပါဝင်ပတ်သက်ခဲ့တဲ့သရုပ်ဆောင်တွေနဲ့ ယှဉ်တဲ့အခါမှာလည်း သူအသုံးပြုခဲ့တဲ့ဆေးဝါးအရေအတွက်ဟာများပြားခဲ့ပါတယ်။ မီဒီယာတွေကတော့ မင်းသားကို ရုပ်ရှင်နယ်ပယ်မှာဘယ်တော့မှပြန်လည်မမြင်တွေ့ရလောက်ဘူးလို့ မှတ်ချက်ပြုကြပါတယ်။


သူပါဝင်ထားတဲ့ The Match နဲ့ Netflix စီးရီး Goodbye Earth တို့ကတော့ ပြသဖို့ရှိနေပြီး Hellbound ရဲ့ Season 2 ကိုတော့ ရပ်ဆိုင်းထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကိုရီးယားနိုင်ငံမှာရှိတဲ့အဓိကချန်နယ်ကြီး(၃)ခုမှာပါဝင်ဖို့ ခက်ခဲလာမယ်လို့ ယူဆနေကြပါတယ်။
Zawgyi ဖြင့်ဖတ်ရန်






Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x