ပွဲဦးထွက်ချိန်ကလို ချစ်စရာကောင်းတဲ့အသွင်အပြင်တွေနဲ့ရှိနေတဲ့ BLACKPINK အဖွဲ့ဝင် Jisoo

နာမည်ကျော်ကြားလှတဲ့ BLACKPINK အဖွဲ့ဝင် Jisoo ကတော့ အိုင်ဒေါတစ်ယောက်အနေနဲ့တင်မက သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်းရှိသူတစ်ယောက်ပါ။ သူကတော့ နာမည်ကျော်အမှတ်တံဆိပ်တွေနဲ့လက်တွဲလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။


ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာတော့ Jisoo ဟာ ပြင်သစ်နိုင်ငံမှာကျင်းပမယ့် (၂၀၂၃)ခုနှစ်ဖက်ရှင်သီတင်းပတ်အတွက်ပဲရစ်ကို ထွက်ခွာရန်အတွက် အင်ချွန်းလေဆိပ်ကို ရောက်ရှိနေခဲ့ပါတယ်။ သူကတော့ အနက်ရောင်အစင်းကြောင်းတွေပါဝင်တဲ့ Cardigan ၊ ဂျင်းစကပ်အတိုတွေနဲ့အတူ ရိုးရှင်းသိမ်မွေ့စွာလှပနေခဲ့ပါတယ်။ သူ့ရဲ့ပြီးပြည့်စုံတဲ့အသွင်အပြင်အတွက် Dior အိတ်လေးနဲ့တွဲစပ်ထားတာပဲ ဖြစ်ပါတယ်။


Jisoo ကတော့ထူးချွန်တဲ့အရည်အချင်းတွေအပြင် ရုပ်ရည်လှပမှုကြောင့်လည်း အသိအမှတ်ပြုချီးမွမ်းခံရသူတစ်ယောက်ပါ။ ပရိသတ်တွေကတော့ ပရိသတ်တွေရှေ့ရောက်တာနှစ်တွေကြာသည့်တိုင်အောင် ပွဲဦးထွက်ချိန်ကလိုနုပျိုလှပဆဲဆိုပြီး ချီးမွမ်းနေခဲ့ကြတာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x