Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ လည်း ကြေညာထားတာပါ။
မင်းသား Lee Seung Gi ကတော့ GQ Korea ဆိုတဲ့ ဖက်ရှင်မဂ္ဂဇင်းနဲ့အတူ မကြာသေးခင်က အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူကတော့ ဇနီးလောင်းဖြစ်သူနဲ့ပတ်သက်ပြီး “ကျွန်တော် စိတ်မသက်မသာဖြစ်ခဲ့တယ်။ လက်ထပ်ဖို့အတွက် ဆုံးဖြတ်ထားတာ တော်တော်ကြာပါပြီ။ သူ့ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်တော့မှ စိတ်ကအေးအေးဆေးဆေးဖြစ်သွားခဲ့ပါတယ်။ သူကတော့ ကျွန်တော့် ဘေးမှာနေပြီး ချစ်ပေးဂရုစိုက်ပေးတဲ့သူတစ်ဦးပါ။ ဒါပေမဲ့လည်း ပရိသတ်တွေဆီစာရေးတဲ့အခါမှာ တကယ့်ကိုစိတ်လှုပ်ရှားခဲ့ပါတယ်” လို့ ဆိုပါတယ်။
Lee Seung Gi ကတော့ “အချစ်က ယုံကြည်မှုနဲ့ ခွန်အားတွေရခဲ့တယ်။ ဒါဟာကွဲပြားတဲ့ခံစားချက်တစ်မျိုးပါ။ နောက်ပြန်မလှည့်ဖို့ ရှင်းလင်းတဲ့အကြောင်းပြချက်တွေနဲ့ အရှုံးမပေးဖို့ခံစားချက်တွေ ရှိပါတယ်” လို့လည်း မျှဝေခဲ့ပါသေးတယ်။ မင်းသားကတော့ ဘယ်လိုအခြေအနေမှာရှိရှိ ချစ်ရသူအတွက်အရာအားလုံးကိုရင်ဆိုင်ဖို့အတွက်အသင့်ရှိနေပုံပါပဲ။
Zawgyi ဖြင့်ဖတ်ရန်
ဇနီးေလာင္း Lee Da In ကို ဘာေၾကာင့္လက္ထပ္ဖို႔ဆုံးျဖတ္ခဲ့တယ္ဆိုတာကို ေျပာျပခဲ့တဲ့ မင္းသား Lee Seung Gi
Lee Seung Gi နဲ႔ Lee Da In တို႔ႏွစ္ဦးကေတာ့ ခ်စ္သူေတြျဖစ္ၿပီး အခ်ိန္အတိုင္းအတာတစ္ခုမွာ ေ႐ႊလက္တြဲေတာ့မွာပဲ ျဖစ္ပါတယ္။ ခ်စ္သူႏွစ္ဦးကေတာ့ ဧၿပီလမွာလက္ထပ္ပြဲက်င္းပသြားမွာ ျဖစ္တယ္လို႔ လည္း ေၾကညာထားတာပါ။
မင္းသား Lee Seung Gi ကေတာ့ GQ Korea ဆိုတဲ့ ဖက္ရွင္မဂၢဇင္းနဲ႔အတူ မၾကာေသးခင္က အင္တာဗ်ဴးလုပ္ခဲ့ပါတယ္။ သူကေတာ့ ဇနီးေလာင္းျဖစ္သူနဲ႔ပတ္သက္ၿပီး “ကြၽန္ေတာ္ စိတ္မသက္မသာျဖစ္ခဲ့တယ္။ လက္ထပ္ဖို႔အတြက္ ဆုံးျဖတ္ထားတာ ေတာ္ေတာ္ၾကာပါၿပီ။ သူ႔ကိုလက္ထပ္ဖို႔ဆုံးျဖတ္လိုက္ေတာ့မွ စိတ္ကေအးေအးေဆးေဆးျဖစ္သြားခဲ့ပါတယ္။ သူကေတာ့ ကြၽန္ေတာ့္ ေဘးမွာေနၿပီး ခ်စ္ေပးဂ႐ုစိုက္ေပးတဲ့သူတစ္ဦးပါ။ ဒါေပမဲ့လည္း ပရိသတ္ေတြဆီစာေရးတဲ့အခါမွာ တကယ့္ကိုစိတ္လႈပ္ရွားခဲ့ပါတယ္” လို႔ ဆိုပါတယ္။
Lee Seung Gi ကေတာ့ “အခ်စ္က ယုံၾကည္မႈနဲ႔ ခြန္အားေတြရခဲ့တယ္။ ဒါဟာကြဲျပားတဲ့ခံစားခ်က္တစ္မ်ိဳးပါ။ ေနာက္ျပန္မလွည့္ဖို႔ ရွင္းလင္းတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ အရႈံးမေပးဖို႔ခံစားခ်က္ေတြ ရွိပါတယ္” လို႔လည္း မွ်ေဝခဲ့ပါေသးတယ္။ မင္းသားကေတာ့ ဘယ္လိုအေျခအေနမွာရွိရွိ ခ်စ္ရသူအတြက္အရာအားလုံးကိုရင္ဆိုင္ဖို႔အတြက္အသင့္ရွိေနပုံပါပဲ။