အသက်(၂၀) အရွယ်တုန်းကလို မပြောင်းလဲဘဲလှနေဆဲဖြစ်တဲ့မင်းသမီး Jeon Do Yeon

မင်းသမီး Jeon Do Yeon ကတော့ အနုပညာလောကမှာစံပြမင်းသမီးတစ်လက်လို့သတ်မှတ်ခံရတဲ့မင်းသမီးတစ်လက်ပါ။ အနုပညာသက်တမ်း(၁၀) စုနှစ်(၃)ခုရှိခဲ့ပြီဖြစ်တဲ့ အသက်(၅၀)အရွယ်မင်းသမီး တစ်လက်လည်း ဖြစ်ပါတယ်။

သူကတော့ နံပါတ်တစ်ဒရမ်မာအနေနဲ့ရေပန်းစားနေတဲ့ “Crash Course in Romance” မှာပါဝင်ထားပြီး ပရိသတ်တွေကြားရေပန်းစားသူလည်း ဖြစ်ပါတယ်။ အခုဆိုရင် အနုပညာသက်တမ်းနှစ်များစွာရှိတဲ့မင်းသမီးရဲ့ပုံရိပ်ဟောင်းတွေကတော့ ပရိသတ်တွေကြားပျံနှံ့လာခဲ့တာပဲ ဖြစ်ပါတယ်။ Jeon Do Yeon အသက်(၂၀) ဝန်းကျင်ကပုံရိပ်တွေဟာလက်ရှိပုံရိပ်တွေနဲ့သိပ်ပြီးတော့ကွာခြားမှုမရှိတာကြောင့် နှစ်တွေကြာတာတောင် နုပျိုနေဆဲဖြစ်တယ်လို့ ချီးကျူးခံနေရတာပဲ ဖြစ်ပါတယ်။


မင်းသမီးကတော့ မပြောင်းလဲတဲ့အလှတရားတွေအပြင် ထူးချွန်တဲ့သရုပ်ဆောင်စွမ်းရည်တွေပိုင်ဆိုင်ထားတယ်လို့ အသိအမှတ်ပြုခံထားရတာပါ။ ဇာတ်လမ်းတွဲပြီးတဲ့အခါမှာလည်းမင်းသမီးကတော့ “Kill Bok Soon” ဆိုတဲ့ ထိတ်လန့်သည်းဖိုဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေဆီပြန်လာဦးမှာ ဖြစ်ပါတယ်။ ရုပ်ရှင်အသစ်မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့လူသတ်သမားအဖြစ် မြင်တွေ့ရဦးမှာပါ။
Zawgyi ဖြင့်ဖတ်ရန်






Check Also

ပွဲဦးထွက်ချိန်ကလို ချစ်စရာကောင်းတဲ့အသွင်အပြင်တွေနဲ့ရှိနေတဲ့ BLACKPINK အဖွဲ့ဝင် Jisoo

နာမည်ကျော်ကြားလှတဲ့ BLACKPINK အဖွဲ့ဝင် Jisoo ကတော့ အိုင်ဒေါတစ်ယောက်အနေနဲ့တင်မက သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်းရှိသူတစ်ယောက်ပါ။ သူကတော့ နာမည်ကျော်အမှတ်တံဆိပ်တွေနဲ့လက်တွဲလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာတော့ Jisoo …

x