အခွန်ငွေတွေပေးဆောင်ရန်ကျန်နေတဲ့အတွက် စုံစမ်းစစ်ဆေးခြင်းခံရပြီးနောက် ရှင်းလင်းပြောကြားလာတဲ့ မင်းသမီး Kim Tae Hee

တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းနာမည်ကျော်မင်းသမီးတစ်လက်အဖြစ် Kim Tae Hee ကို သိကြမှာပါ။ သူကတော့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ဝင်ငွေများစွာရရှိတဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာအခွန်ငွေတွေပေးဆောင်ရန်ကျန်ရှိနေတာကြောင့် စစ်ဆေးခြင်းခံခဲ့ရပါတယ်။


မင်းသမီးရဲ့အေဂျင်စီ Story J Company ကတော့ (၂၀၂၂) ခုနှစ်အတွက်အခွန်ငွေပေးရန်ကျန်ရှိနေတာကြောင့် စုံစမ်းစစ်ဆေးခံခဲ့ရပြီး အခွန်ငွေတွေပေးဆောင်ပြီးတဲ့အခါမှာ စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ “Kim Tae Hee ဟာ နှစ်ပေါင်းများစွာအခွန်ငွေတွေကို မှန်ကန်စွာပေးသွင်းလာခဲ့တဲ့သူပါ။ ဒီနှစ်မှာလည်း လုပ်ထုံးလုပ်နည်းတွေအတိုင်း အခွန်ငွေတွေအားလုံးကို အချိန်မီပေးခဲ့ပါတယ်” လို့ ဆိုပါတယ်။


အေဂျင်စီကတော့ အေဂျင်စီနှစ်ခုအပြောင်းအလဲကြားမှာ အလွဲအချော်တွေဖြစ်ခဲ့ကြောင်း ရှင်းပြထားပါတယ်။ အရင်ကအေဂျင်စီကတော့ မင်းသမီးရဲ့ကြော်ငြာဝင်ငွေတွေကို ကိုယ်ပိုင်ဝင်ငွေတွေလို့ သတ်မှတ်ခဲ့ပြီး ဝင်ငွေကိုအစီရင်ခံရာမှာကြန့်ကြာမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ မင်းသမီးဟာ ကိုရီးယားဝမ်သန်းရာနဲ့ချီပြီး အခွန်ငွေပေးဆောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်






Check Also

ပွဲဦးထွက်ချိန်ကလို ချစ်စရာကောင်းတဲ့အသွင်အပြင်တွေနဲ့ရှိနေတဲ့ BLACKPINK အဖွဲ့ဝင် Jisoo

နာမည်ကျော်ကြားလှတဲ့ BLACKPINK အဖွဲ့ဝင် Jisoo ကတော့ အိုင်ဒေါတစ်ယောက်အနေနဲ့တင်မက သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်းရှိသူတစ်ယောက်ပါ။ သူကတော့ နာမည်ကျော်အမှတ်တံဆိပ်တွေနဲ့လက်တွဲလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာတော့ Jisoo …

x