Dior ရဲ့ဖက်ရှင်ရှိုးပွဲမှာ အမိုက်စားဖြစ်နေခဲ့တဲ့ BLACKPINK အဖွဲ့ဝင် Jisoo

BLACKPINK အဖွဲ့ဝင် Jisoo ကတော့ အောင်မြင်တဲ့ အိုင်ဒေါတစ်ယောက်ဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း အသိအမှတ်ပြုခံထားရတာပါ။ သူကတော့ နာမည်ကျော်အမှတ်တံဆိပ်တွေနဲ့လက်တွဲလုပ်ကိုင်နေသူဖြစ်ပြီး Dior အမှတ်တံဆိပ်ရဲ့ Global Ambassador တစ်ယောက်လည်း ဖြစ်ပါတယ်။


ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှာတော့ Jisoo ဟာ ပွဲဦးထွက်စအချိန်ကလို ချစ်စရာကောင်းပြီးအပြစ်ကင်းစင်တဲ့အလှကို ပြသခဲ့ပါတယ်။ ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာတော့ မီးခိုရောင်ခြယ်သထားတဲ့ထူးခြားတဲ့မိတ်ကပ်အပြင်အဆင်တွေနဲ့အတူ စတိုင်ကျတဲ့ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပါတယ်။ သူကတော့လှပတဲ့ပုံရိပ်တွေနဲ့အတူ မီဒီယာတွေရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


2023 F/W Paris Fashion Week က Dior ရဲ့ပွဲမှာတော့ Global Ambassador တစ်ယောက်ဖြစ်တဲ့ Jisoo ဟာ ကျော့ရှင်းလှပနေတဲ့ပြီး တွစ်တာကဲ့သို့ဆိုရှယ်မီဒီယာတွေမှာ ရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။ အလုပ်တွေမအားလပ်နိုင်အောင်ရှိနေတဲ့ Jisoo ကတော့ တစ်ကိုယ်တော်သီချင်းထွက်ရှိလာဖို့ကိုလည်း အတည်ပြုထားတာ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်






 

Check Also

ပွဲဦးထွက်ချိန်ကလို ချစ်စရာကောင်းတဲ့အသွင်အပြင်တွေနဲ့ရှိနေတဲ့ BLACKPINK အဖွဲ့ဝင် Jisoo

နာမည်ကျော်ကြားလှတဲ့ BLACKPINK အဖွဲ့ဝင် Jisoo ကတော့ အိုင်ဒေါတစ်ယောက်အနေနဲ့တင်မက သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်းရှိသူတစ်ယောက်ပါ။ သူကတော့ နာမည်ကျော်အမှတ်တံဆိပ်တွေနဲ့လက်တွဲလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာတော့ Jisoo …

x