Running Man အစီအစဉ်မှာ ပါဝင်လာတော့မယ့် Blackpink အဖွဲ့ဝင်များ

Posted on

Running Man ကတော့ပြည်တွင်းမှာသာမက ပြည်ပမှာပါ တော်တော်လေးကိုအောင်မြင်ပြီး အားပေးသူပရိသတ်များပြားတဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း Running Man အစီအစဉ်ကြည်ရှုတဲ့ပရိသတ်တွေ အခိုငအမာရှိနေတာပါ။ ဒီတစ်ခါမှာတော့ ဧည့်သည်အဖြစ်နဲ့ပရိသတ်အချစ်တော် Blackpink အဖွဲ့ဝင်တွေပါဝင်လာဦးမှာပါ။


Running Manအစီအစဉ်ရဲ့ဒီတစ်ပတ် recording လုပ်ရာမှာ အဖွဲ့ဝင်တွေဟာပါဝင်ခဲ့တဲ့အကြောင်းကို သိရှိခဲ့ရပြီး ဘယ်နေ့မှာထုတ်လွှင့်မယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ Blackpink အဖွဲ့ဝင်တွေအနေနဲ့ unning Man အစီအစဉ်မှာပဲ (၂၀၁၆) ခုနှစ်ဒီဇိင်ဘာမှာပါဝင်ခဲ့ဖူးပြီး အခုအချိန်နဲ့ဆိုရင် (၃)နှစ်နဲ့(၁၀)ကြာခဲ့ပြီလည်း ဖြစ်ပါတယ်။ Blackpink ကတော့ ကမ္ဘာတစ်ဝှမ်းလျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရရှိနေသလို မကြာသေးခင်ကလည်း သူတို့ရဲ့ပထမဆုံးသီချင်းအယ်လ်ဘမ်ကို ထွက်ရှိထားပါတယ်။

ပရိသတ်တွေအတွက်ကတော့ Running Man ကိုစောင့်မျှော်ကြည့်ရှုဖို့ကို ရင်ခုန်နေကြတော့မယ်လို့ထင်ပါတယ်။ Blackpink ဟာ မကြာသေးခင်ကလည်း JTBC ရဲ့ “Ask Us Anything” အစီအစဉ်မှာ ဧည့်စည်အဖြစ်နဲ့ပါဝင်ခဲ့ပါသေးတယ်။
Source : Soompi