နာမကျန်းဖြစ်နေတဲ့ ကလေးတွေအတွက် အလှူအတန်းတွေရက်ရောခဲ့ပြန်တဲ့ Dara

Posted on

Dara လို့လည်း ပရိသတ်တွေသိကြတဲ့ Sandra Park ကတော့ 2NE1 အဖွဲ့ဝင်တစ်ယောက်အဖြစ်ပရိသတ်တွေသတိထားမိချိန်ကတည်းက အခုအချိန်အထိအနုပညာအလုပ်တွေတောက်လျှောက်လုပ်လာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားသူတစ်ယောက်ပါ။ Dara ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့အချမ်းသာဆုံး Idol တွေထဲကတစ်ယောက်လည်း ဖြစ်ပါတယ်။


ကလေးချစ်တတ်တဲ့Dara ကတော့ အခုလိုကပ်ဆိုးကြီးကိုရင်ဆိုင်ရချိန်မှာ ကလေးတွေအတွက် Mask (၃၀၀၀၀)ကို လှူဒါန်းပေးခဲ့ပါတယ်လို့ သိရပါတယ်။ ဒီ Mask တွေကိုတော့ အောက်တိုဘာလ(၆)ရက်နေ့မှာ နာမကျန်းဖြစ်နေတဲ့ ကလေးတွေအထောက်အပံ့ပေးနေတဲ့ Korea Children’s Incurable Disease Association၊ WE START နဲ့ the Korea Pediatric Cancer Foundation စတာတွေကို လှူဒါန်းခဲ့တာပါ။Dara ရဲ့အလှူအတန်းတွေကတော့ ဒါတင်မကသေးပါဘူး။


ဒီမတိုင်ခင်ကလည်း ဈေးတစ်ခုဖွင့်လှစ်ဖွင့်ရောင်းချခဲ့ပြီးရတဲ့အကျိုးအမြတ်တွေကို လှူဒါန်းခဲ့ပါသေးတယ်။ အဲ့ဒီကထုတ်ကုန်တွေကိုလည်း သွေးကင်ဆာနဲ့ အခြားသောကင်ဆာရောဂါခံစားနေရတဲ့ကလေးငယ်တွေကို ကိုဗစ်(၁၉)ရောဂါကြီးကနေ ကာကွယ်နိုင်စေဖို့ကိုလည်း လှူဒါန်းပေးခဲ့သေးတာပါ။ အောင်မြင်ကျော်ကြားလှသလို အလှူအတန်းလည်းရက်ရောတဲ့ စိတ်စေတနာကောင်းမွန်သူ မမDara ပါပဲနော်…
Source : soompi