Billboard ရဲ့Global 200 မှာ ထိပ်ဆုံးနေရာတွေကိုသိမ်းပိုက်ထားတဲ့ BTS နဲ့ Blackpink

Posted on

Kpop သီချင်းတွေကတော့ အာရှမှာသာမက အနောက်နိုင်ငံတွေအထိပါ လူကြိုက်များလာတယ်လို့ ဆိုရမှာပါ။ Kpop Idol အဖွဲ့တွေထဲကမှာ BTS နဲ့ Blackpink တို့ကတော့ ဂုဏ်ယူစရာကောင်းတဲ့ စံချိန်တွေကိုလည်း ထပ်မံရရှိခဲ့ပြန်ပါပြီ။ ဒီအဖွဲ့တွေဟာ သီချင်းအသစ်ထွက်တိုင်းမှာ ပရိသတ်အားပေးမှုများစွာရတာကြောင့် လူပြောများလေ့ရှိတာပါ။


ဒီတစ်ခေါက် Billboard ရဲ့ Global 200 chart မှာဆိုရင် နံပါတ်တစ်နေရာမှာ Jawsh 685, Jason Derulo နဲ့ BTS တို့ရဲ့ Savage Love သီချင်း၊နံပါတ်နှစ်နေရာမှာ BLACKPINK ရဲ့ Lovesick Girls နဲ့ တတိယနေရာမှာ BTS ရဲ့ Dynamite ကရှိနေတာပါ။ ဒီစာရင်းတွေကတော့ အောက်တိုဘာ၂ရက်နေ့ကနေ ၈ ရက်နေ့အတွင်း အချက်အလက်တွေကို အခြေခံထားတာလည်း ဖြစ်ပါတယ်။ ဒီသီချင်းတွေကတော့ ထွက်ရှိတဲ့အချိန်မှာပဲလူကြိုက်များပြီးရေပန်းစားခဲ့တဲ့ သီချင်းတွေဖြစ်ပါတယ်။


Billboard ရဲ့ ထိပ်ဆုံးနေရာတွေမှာအခုလို နေရာယူလာနိုင်တဲ့ အဖွဲ့တွေအတွက်ကတော့ တကယ့်ကိုဂုဏ်ယူစရာပါပဲ။ BTS နဲ့ Blackpink ရဲ့ ပရိသတ်တွေကတော့ ဒီသတင်းအတွက် ပျော်ရွှင်ကျေနပ်မှာအမှန်ပါပဲနော်…
Source : billboard