Kim So Hyun နဲ့အတူ တွဲဖက်သရုပ်ဆောင်ဖို့အတွက် ဆွေးနွေးနေပြီဖြစ်တဲ့ မင်းသားချောJi Soo

Posted on

ပရိသတ်အချစ်တော်မင်းသမီးချောလေး Kim So Hyun ဟာ သမိုင်းဒရမ်မာဇာတ်လမ်းတွဲမှာပါဝင်လာဦးမယ်ဆိုတာ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ ဇာတ်လမ်းတွဲနာမည်ကတော့” The River where the Moon Rise” ဖြစ်ပြီး သမိုင်းထဲက မင်းသမီးPyeonggang အကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာအဓိကဇာတ်ဆောင်အနေနဲ့ မင်းသမီးနဲ့အတူပါဝင်သရုပ်ဆောင်ဖို့အတွက်ကမ်းလှမ်းခံထားရတာကတော့ မင်းသားချောJi Soo ပါ။


မင်းသားချော Ji Sooကတော့ ပရိသတ်အခိုင်အမာရထားတဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ သူကတော့ အနုပညာလှုပ်ရှားမှုများစွာရှိခဲ့ပြီး မြန်မာပရိသတ်တွေကတော့ “Strong Girl Bong-soon” ဇာတ်ကားမှာ ရဲတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာနဲ့ “Moon Lovers: Scarlet Heart Ryeo” ဇာတ်လမ်းတွဲမှာလည်း မင်သား(၁၄)အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ဖူးတာကြောင့် ရင်းနှီးပြီးသားဖြစ်မှာပါ။ လက်ရှိမှာတော့ မင်းသားJi Soo ကို ဇာတ်လမ်းတွဲတွင်ပါဝင်ဖို့ ကမ်းလှမ်းထားတဲ့အကြောင်းကို အေဂျင်စီကအတည်ပြုထားတာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ဖို့အတွက် စဉ်းစားနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။


ပါဝင်သရုပ်ဆောင်ခဲ့ရင်တော့ ဂိုဂူလျောသမိုင်းထဲကစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ On Dal နေရာကနေပါင်သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်နိုင်ပြီး ပရိသတ်အခိုင်အမာရှိပြီးသားသူတို့နှစ်ဦးကတော့ အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွဲထဲမှာထပ်မံပါဝင်လာဦးမှာဖြစ်တာကြောင့် ပရိသတ်တွေက စိတ်ဝင်စားနေတော့မှာပါ။သူတို့နှစ်ဦးဟာ Page Turner ဆိုတဲ့ အပိုင်း(၃)ပိုင်းပါတဲ့ ဇာတ်လမ်းတွဲတစ်ခုမှာလည်း အတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။

Source : soompi