အနုပညာအရည်အချင်းအပြည့်ရှိသလိုချစ်စရာကောင်းတဲ့ Lisa ကတော့ အခုနှစ်တွေအတွင်းမှာ နာမည်ကျော်ကြားလာတဲ့ Blackpink အဖွဲ့ဝင် အိုင်ဒေါတစ်ယောက်လည်း ဖြစ်ပါတယ်။ Lisa ကတော့ ထိုင်းလူမျိုးဖြစ်ပေမဲ့ ကိုရီးယားဘာသာစကာားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တာ ပရိသတ်တွေသိကြမှာပါ။
Lisa ကတော့ မကြာသေးခင်ကထုတ်လွှင့်ခဲ့တဲ့ JTBC ရဲ့ “Ask Us Anything” ဆိုတဲ့အစီအစဉ်မှာပါဝင်ခဲ့ပြီး ကိုရီးယားဘာသာစကားကို တိုးတက်အောင်လုပ်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်။ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေကိုကြည့်ပြီး ဘာသာစကားတိုးတက်အောင်လုပ်ခဲ့ပြီး “Goblin” ဇာတ်ကားကတော့ သူအကြိုက်ဆုံးလို့ ဆိုပါတယ်။ မကြာသေးခင်က ထပ်မံကြည့်ဖြစ်ခဲ့ပြီး ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်ဖြစ်တဲ့ Gong Yoo ရဲ့ အမာခံပရိသတ်လို့ဆိုပါတယ်။
ဘာလို့ဒီလိုမျိုး Gong Yoo ရဲ့ ပရိသတ်ဖြစ်လာလဲဆိုတဲ့မေးခွန်းကိုတော့ Gong Yooဟာ သူသဘောကျတဲ့ပုံစံဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် အရပ်ရှည်တာကိုလည်း နှစ်သက်တယ်လို့ဆိုပါတယ်။ “Goblin” ဇာတ်ကားကတော့ အရမ်းကိုနာမည်ကြီးခဲ့တာဖြစ်ပြီး Gong Yooဟာ မှင်စာဇာတ်ရုပ်နဲ့လည်းလိုက်ဖက်ပြီး ပရိသတ်တွေကြားထဲရေပန်းစားခဲ့ပါသေးတယ်။ ပရိသတ်တွေထဲမှာလည်း ဦးဦးမှင်စာရဲ့ပရိသတ်တွေရှိလားနော်…
Source : kstarlive