“ကမ္ဘာတစ်ဝှမ်းက ခပ်လန်းလန်းဆရာ၊ ဆရာမ များ”

Collage_Fotor-11.jpg

 

ဆရာဆိုတာ သင့်ဘ၀အတွက် အရေးပါတဲ့ အစိတ်ပိုင်းတစ်ခုလို့ ပြောလို့ရပါတယ်။ ကျောင်းနေပျော် မှကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်သွားနိုင်မယ့် လှေကားကို တက်လှမ်းနိုင်မှာပါ။ မိမိသဘောကျတဲ့ ဆရာ၊ဆရာမ တွေရှိရင်တော့ အဲ့ဒီကျောင်းသားဟာ စာသင်ချင်စိတ်ရှိသလို ကျောင်းနေလညည်း ပျော်နေမှာပါ ။ဒီလိုကျောင်းသူ၊ကျောင်းသားတွေအတွက်ခပ်လန်းလန်း ဆရာ၊ဆရာမ တွေရှိဖို့လိုပါတယ်။ အောက်မှာဖော်ပြထားတဲ့ ဆရာ၊ဆရာမတွေနဲ့သာဆိုရင်တော့ စာသင်ချင်စိတ်ရှိကြမှာ အမှန်ပါပဲ။

၁။ Benjawan Som

Benjawan Som ဟာ အင်္ဂလိပ်စာ ဆရာမဖြစ်ပါတယ်။ သူ့အတန်းမှာဆိုရင် ကျောင်းသားတွေ ပြည့်နေတက်ပြီးရုပ်ရည်လည်း ချစ်စရာကောင်းသလို စာအသင်ပြလည်း ကောင်းသူတစ်ယောက် ဖြစ်ပါတယ်။

 

 

၂။ Vin Wick

မော်ဒယ်အလား အထင်မှားစေမယ့် ဒီဆရာဟာ သူ့ကျောင်းသားတွေကို စာသင်ပြ ကောင်းကောင်းနဲ့သင်ပေးနိုင်ရုံမကပါဘူး စိတ်ခွန်အားဖြည့်ပေးတဲ့နေရာမှာလည်း ကျွမ်းကျင်တဲ့အတွက် ကျောင်းသားတွေသဘောကျတဲ့ ဆရာတစ်ယောက်ပါ။

 

 

Patrice Brown

Patrice Brown အဟော့ဆုံး ဆရာမတစ်ယောက်လို့ ပြောလို့ရပါတယ်။သူ(မ)ရဲ့ အ၀တ်အစားတွေကြောင့်ဝေဖန်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်ခံခဲ့ရပေမဲ့ ကျောင်းသားတွေကတော့ သူ(မ)ရဲ့ အသင်ပြကောင်းမှုကြောင့်သဘောတွေ့ကြပါတယ်။

 

 

Pietro Boselli

ဒီလောက် ခန့်တဲ့ဆရာမျိုး တကယ်ရှိတာ ယုံနိုင်မှာတောင် မဟုတ်ပါဘူး။ ယခင်က မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ ခုချိန်မှာတော့ ဆရာအလုပ်ကို လုပ်နေသူဖြစ်ပါတယ်။ သူ့အတန်းဆိုရင်လည်း ကျောင်းသူ၊ကျောင်းသားတွေ ပြည့်နေတက်ပါတယ်။

 

 

Park Hyun Seo

တောင်ကိုရီယားဆရာမလေး ပတ်ဟွန်ဆိုး ဟာ ကိုရီယားမှာ အချောဆုံး ဆရာမတစ်ယောက်ပါ။ကျောင်းသားတွေဟာ ဒီဆရာမနဲ့မှ စာသင်ချင်ကြတာဖြစ်ပါတယ်။သူမရဲ့ရုပ်ရည်ကြောင့် လူသိများသလို စာအသင်ပြကောင်းလို့လည်း လူသိများလာတာ ဖြစ်ပါတယ်။

 

 

Marharyta Sheikh Ali

သူ(မ)ကတော့ အက နည်းပြဆရာမ တစ်ယောက်ပါ။ တစ်ခါတစ်ရံ ဖျော်ဖြေပွဲတွေမှာ ပါတက်ပြီးသိပ်ပြီး အကတော်တဲ့ ဆရာမ ဖြစ်ပါတယ်။

 

 

Chris Peck

ခရစ်ဟာ သူ့ကျောင်းသားတွေရဲ့ အာရုံကို ဘယ်လိုဆွဲဆောင်ရမလဲ ကောင်းကောင်းသိသူပါ။သူ့ရဲ့ပုံစံကလည်း စမက်ကျသလို စာအသင်ပြလည်း ကောင်းသူပါ။

 

 

Nicholas Ferroni

သူ့ရဲ့ဆွဲဆောင်မှုရှိလှတဲ့ပုံစံကြောင့် လူသိများသလို သူ့အတန်းက ကျောင်းသားတွေကလည်း အမှတ်များတက်လို့ စာအသင်ပြကောင်းတဲ့ ဆရာအဖြစ် နာမည်ကြီးလာတာ ဖြစ်ပါတယ်။

 

 

Eva Loo

အားကစားလိုက်စားတဲ့ ဒီဆရာမလေးရဲ့ နုပျိုမှုကြောင့် ကျောင်းသူနဲ့အမြဲအထင်မှားခံရပါတယ်။ သူ(မ)ဟာလှလှပပနေတတ်ပြီး စာအသင်ပြလည်းကောင်းသူပါ။

 

 

Jordyn Goddard

မူလတန်းပြ ဆရာမလေး Jordyn Goddard ဟာ အလှမယ်ပြိုင်ပွဲလည်း ၀င်ပြိုင်ဖူးသူဖြစ်ပါတယ်။သူ့ရဲ့အတန်းမှာဆိုရင် အမြဲတမ်း လူပြည့်နေတက်ပြီး လူကြိုက်များလှတဲ့ ဆရာမတစ်ယောက် ဖြစ်ပါတယ်။

 

မိုးစက်လေး

scroll to top