” တော်ဝင် မိသားစုဝင်တွေနဲ့ လက်ထပ်ခဲ့ကြတဲ့ သရုပ်ဆောင်တွေ “

Collage_Fotor-13.jpg

 

 

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ဟောလိဝု(ဒ်) မင်းသမီးချော မက်ဂန်မာကယ်တို့ရဲ့ မင်္ဂလာပွဲဟာ (၂၀၁၈)ခုနှစ်အတွင်း လူပြောအများဆုံး မင်္ဂလာပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။မက်ဂန် လိုပဲ တော်ဝင် မိသားစုတွေနဲ့ လက်ထပ်ခဲ့ကြတဲ့ တခြားသော အနုပညာရှင်တွေလည်း ရှိပါသေးတယ်။

ရီတာဟေးဝေါ့သ်
ရီတာဟာ (၁၉၄၀) ခုနှစ်တွေက နာမည်အကြီးဆုံး ဟောလိဝု(ဒ်)မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူ(မ)ဟာဆူလ်တန် ဘုရင် အက်ဂါခမ်-၃ ရဲ့သား ပါကစ္စတန်မင်းသားလေး အလီခမ် နဲ့လပ်ထပ်ခဲ့ပါတယ်။

 

 

ဂရေ့စ်ကယ်လီ
ဂရေ့စ်ဟာ ဟောလိဝု(ဒ်)ဇာတ်ကားပေါင်း (၁၁)ကားမှာ ခေါင်းဆောင် မင်းသမီးအနေနဲ့ ပါဝင်ခဲ့ပြီး ၀င်ငွေအကောင်းဆုံးမင်းသမီးတစ်လက်ဖြစ်ပါတယ်။သူ(မ) ဟာ မိုနာကို မင်းသားလေး ရီနာ-၃ နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။

 

 

အိုလစ်ဗီယာ ၀ိုင်းဒ်
အိုလစ်ဗီယာ ဟာတီဗီဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။ သူ(မ)ဟာ အီတလီ မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သူရဲ့သား တာအိုရက်ပိုလီ နဲ့လက်ထပ်ခဲ့ပါတယ်။

 

 

အလီယာ ဇာဟာရီယာ
အမေရိကန် မင်းသမီးနဲ့တေးသံရှင်တစ်ဦးဖြစ်တဲ့ အလီယာ ဟာ Albania နိုင်ငံက ရုပ်ရှင်ရုံတိုင်းမှာ နေရာယူထားတဲ့အောင်မြင်တဲ့ မင်းသမီးဖြစ်ပါတယ်။သူ(မ) ဟာ Albania မင်းသားလေး လီကာ နဲ့ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။

 

 

ကလိုတီဒ်ကူရူ
ဇာတ်ကားပေါင်း (၄၁) ကားကိုရိုက်ကူးနိုင်ခဲ့တဲ့ မင်းသမီးချော ကလိုတီဒ် ဟာ အီတလီနောက်ဆုံးဘုရင်ရဲ့ မျိုးဆက်တစ်ဦးဖြစ်တဲ့ Venice မင်းသားလေး အမ်မြူရယ်ဖီလ်ဘာတို နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။

 

 

ဂျမီလီကာတစ်
သည်းထိတ်ရင်ဖို ဇာတ်ကားတွေ ရိုက်ကူးရင်း နာမည်ရလာတဲ့ မင်းသမီး ဂျမီလီကာ ဟာအင်္ဂလိပ် ဘုရင်ခရစ္စတိုဖာ ဂက်စ် နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။

 

 

Zsa Zsa Gabor
Gabor ဟာ (၁၉၅၂) ခုနှစ်က We are not married ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ရာကနေ နာမည်ရလာတာဖြစ်ပါတယ်။သူ(မ)ရဲ့ခင်ပွန်းကတော့ ဂျာမန်မင်းသားရဲ့မွေးစားသားဖြစ်သူ Frederic Prinz von Anhalt ဖြစ်ပါတယ်။

 

 

 

ကက်စ်ပါဗန်ဒီယန်
ဟောလိဝု(ဒ်) ရဲ့နာမည်ကျော်မင်းသား ကက်စ်ပါ ဟာဆိုရင် ယူဂိုဆလားဗီးယား မင်းသမီး အဲလိဇဘက်ရဲ့ သမီးဖြစ်သူ Catherine Oxenberg နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။

 

 

မက်ဂန်မာကယ်
ဟောလိဝု(ဒ်)ရဲ့ မင်းသမီးချော မက်ဂန်မာကယ်ဟာဆိုရင် အားလုံးသိထားသလိုပဲ ဗြိတိန် တော်ဝင်မင်းသားဟယ်ရီနဲ့လက်ထပ်ခဲ့ပြီး Sussex မြို့စားကတော် ဘွဲ့ရထားသူဖြစ်ပါတယ်။

 

 

Wallis Simpson နဲ့ Edward -8
ဝင်ဆာမြို့ရဲ့အနာဂါတ်မြို့စားကတော်ဖြစ်လာမယ့် မစ္စ Simpson ကတော့ မင်းသမီးမဟုတ်ပါဘူး။ ဒါပေမဲ့အိုင်တီ မလေးလို့ခေါ်ကြပါတယ်။ သူ(မ)ရဲ့ မိဘတွေကလည်း ဆွေကြီးမျိုးကြီးထဲကဖြစ်ပါတယ်။Edward-8 မင်းသားဟာ သူ(မ)နဲ့လက်ထပ်ဖို့ ပြောပေမဲ့ တော်ဝင်အသိုင်းဝိုင်းက အိမ်ထောင်ပြုဖူးသူဖြစ်တဲ့ သူ(မ)နဲ့သဘောမတူခဲ့ပါဘူး။ဒါကြောင့် ချစ်သူနဲ့အတူပေါင်းစပ်ခွင့်ရဖို့ ထီးနန်းကိုစွန့်ခဲ့သူဖြစ်ပါတယ်။

 

 

မိုးစက်လေး

scroll to top