” မြန်မာစကားကိုစိတ်ဝင်စားပြီး မြန်မာအစားအသောက်ကိုနှစ်သက်တဲ့ အ၀င်းပါဝင်သော Prizmax အဖွဲ့ဝင် Tsubasa Shimada “

Collage_Fotor-16.jpg

 

 

 

 

ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့မြန်မာပြည်သားမိုရီဆာကီဝင်းရဲ့Prizmaxအဖွဲ့မှအဖွဲ့ ဝင်လေး Tsubasa Shimadaပဲဖြစ်ပါတယ်နော် ။ သူလေးရဲ့birthday ကတော့18.5.1996ဖြစ်ပီး ဂျပန်နိုင်ငံမှာပဲမွေးဖွားခဲ့တယ် လို့သိရပါတယ်။သူလေးဟာ ပြင်သစ်သွေးစပ်တဲ့ကပြားလေးလဲဖြစ်ပါတယ်နော်။ သူလေးဟာ Dancerအပိုင်းမှာလဲအရမ်းတော် တဲ့သူလဲဖြစ်ပါ တယ်နော်။က​လေးဆန်​ပြီး ချစ်​စရာ​ကောင်း​တဲ့ ပုံစံလေးဖြစ်ပြီးပရိ​သတ်​​တွေ ကို ဂရုစိုက်​တတ်တဲ့သူလေးလဲဖြစ်ပါတယ်။

 

 

 

 

 

Prizmaxအဖွဲ့ဟာ မကြာသေးမီကပဲ မြန်မာပြည်မှာ Win Show Timeရုပ်သံရိုက်ကူးရေးလေး လုပ်သွားပါတယ် ။ မြန်​မာပြည်​ကို နှစ်သက်တဲ့သူလို့ထုတ်ပြောထားပြီးမြန်​မာပြည်​က သူကြိုက်​တဲ့ အရာ​တွေဆို twitter နဲ့ ig မှာ သူ့ ပရိသတ်​​တွေကို ​ကြော်​ငြာ​ပေးသူ လေးပဲဖြစ်ပါတယ်နော်…. ။ မြန်​မာစကား စိတ်ဝင်တစား ကြိုးစားသင်​ယူ​နေပါသေးတယ်တဲ့ ပရိသတ်ကြီးရေ ။ မြန်​မာ အစားအစာထဲမှာ အုန်းနို့​ခေါက်​ဆွဲ၊ ပိန္နဲသီး၊ မြန်​မာလက်​ဘက်​ရည်​အစရှိတာတွေကို သဘောကျ နှစ်သက်ပါတယ်တဲ့၊ ဝါသနာကတော့ဓာတ်​ပုံရိုက်​ခြင်း ၊Recordခြင်း၊​ အက ကခြင်းတို့ ကို​ ဝါသနာပါသူလေးပဲဖြစ်တယ်လို့သိရပါတယ်။CeleGabarပရိသတ်ကြီး သိအောင်ဖော်ပြပေးလိုက်ပါတယ်နော်။

 

 

 

Source: Tsubasa Shimada
Khin@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top