“ဒီနှစ်သင်္ကြန်ကို ရန်ကုန်မှာပဲ ဆင်နွှဲမယ့် နန်းသူဇာရဲ့ သင်္ကြန်ရင်ခုန်သံ”

Collage_Fotor-17.jpg

မော်ဒယ်အဆိုတော် သရုပ်ဆောင် မင်းသမီး နန်းသူဇာ ကတော့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့အသွင်နဲ့ သွက်သွက်လက်လက်ရှိတဲ့ မင်းသမီးလေးပဲဖြစ်ပါတယ် ။ သူမရဲ့ သ င်္ကြန်ရင်ခုန်သံတွေကို ပေါ့ပေါ့ပါးပါးပြောပြသွားပါတယ်နော် ။ သင်္ကြန်ဆိုရင် အရမ်းပူနေတဲ့အချိန်ရေလောင်းချင်တိုင်းလောင်းလို့ ရလို့ အရမ်းပျော်ပြီးသင်္ကြန်အစားအစာအနေနဲ့ သင်္ကြန်ထမင်းနဲ့ မုန့်လုံးရေပေါ်ကို အရမ်းကြိုက်ပါတယ်တဲ့နော်။

 

 

 

သူမဟာ ရေလောင်းခံရတာရော ရေပက်ရတာရော နှစ်မျိုးလုံးကိုသဘောကျနှစ်သက်သူလဲဖြစ်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ ရေပက်တဲ့အခါ ရေပြင်းပြင်းလေး ပက်ရတာကိုနှစ်သက်ပါတယ်တဲ့နော်။ ဒီနှစ်သကြန်ကိုရန်ကုန်မှာပဲ ဆင်နွှဲမှာဖြစ်ပြီး တစ်ရက်ကိုသီချင်းဆိုပီး ကျန်တဲ့ရက်တွေကို လျှောက်လည်မယ်လို့လည်းသိရပါတယ်။ လမ်းလျှောက်သကြန်တွေရှိလာတာကိုလည်း အရမ်းစိတ်ဝင်စားနေပြီးနှစ်ဆန်းတစ်ရက်နေ့ကတော့ ဘုရားသွားချင်သွားဖြစ်မှာဖြစ်ပြီး သူငယ်ချင်းတွေနဲ့ တိုင်ပင်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။ပရိသတ်တွေအတွက်ဆုတောင်စကားလေးကတော့ ”အားလုံးပဲ ဘေးမထိ ရန်မခပဲ ပျော်ရွှင်နိုင်ပါစေ ၊ နန်းသူဇာကိုလဲ အားပေးပါဦး ” ဆိုပြီး ပြောဆိုခဲ့ပါတယ် Cele Gabar ပရိသတ်ကြီးရေ ။

 

Source: MC
khin@ Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top