ရုပ်ရှင်မထွက်ခင်ကတည်း က ကော်ပီလို့ ပြောနေကြတဲ့အတွက် ဖြေရှင်းချက်ထုတ်ရတဲ့ ကိုယ်စောင့်နတ်

collage-85.jpg

ကိုယ်စောင့်နတ်ရုပ်ရှင်ဟာ အဆိုတော် လွှမ်းပိုင်ရဲ့ ကိုယ်တိုင်ဇာတ်လမ်း၊ ဇာတ်ညွှန်းရေး၊ ကိုယ်တိုင် သရုပ်ဆောင်နေတဲ့ လွှမ်းပိုင်ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုလည်းဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးရုံမတင်ခင်ကတည်းက အခု ဇာတ်ကားဟာ ကော်ပီ ကူး တယ်ဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်လာခဲ့တဲ့အတွက် ဇာတ်ကားထုတ်လုပ်သူ တွေက ပြန်လည်ဖြေရှင်းခဲ့ကြပါတယ်။

 

ဝေဖန်ခံနေရတဲ့ ပိုစတာ ဒီဇိုင်းအတွက် ထုတ်လုပ်သူ ဝေမင်းမောင်က” ကျောင်းသား ဟာသကားလေးတွေဆို နိုင်ငံတကာမှာလည်း ကျောက်သင်ပုန်း ၊ မြေဖြူလေးတွေနဲ့ ဒီဇိုင်းတွေဆင်ဆင်လုပ်ကြပါတယ်။ ကိုယ်စောင့်နတ် ရုပ်ရှင်ဇာတ်ကားကလည်း ကျောင်းသားဟာသကားလေးဖြစ်တာကြောင့် အဲဒီလိုဒီဇိုင်းလေးတွေ လုပ်ခဲ့ကြတာပါ။ ပရိတ်သတ်များမှာ စိတ်ကြိုက်ဝေဖန်နိုင်ခွင့်ရှိတာကြောင့် ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့်ပိုစတာလေးပဲ ထွက်ရှိသေးတာကြောင့် ဆက်လက်စောင့်ကြည့်ပေးပါဦးလို့။ တီဆာ ထွေလာတွေထွက်လို့မှ မကောင်းရင်စိတ်ကြိုက် ဝေဖန်ဆဲဆိုနိုင်ပါတယ်။ ရိုးရိုးသားသားဝန်ခံပါရစေ…. တစ်ဖွဲ့လုံးတတ်နိုင်သလောက် ကြိုးစားထားကြတာကို ကျွန်တော်တို့ရဲ့ ကိုယ်စောင့်နတ်တွေ သိပါတယ်လို့ ” ဖြေရှင်းထားတာကိုတွေ့ရပါတယ်။
Source – Wai Minn Maung
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top