သမီးေလးကို နီဂရိုးနဲ႕ရတဲ့ကေလးလို႕ေျပာေနၾကတဲ့အေပၚ ေျဖရွင္းလိုက္တဲ့ စမုိင္းလ္

Collage_Fotor1.png

ပရိသတ္ေတြၾကား အားက်ရတဲ့ အႏုပညာရွင္ ဇနီးေမာင္ႏွံေတြထဲမွာ စမိုင္းလ္တို႔ ဇနီးေမာင္ႏွံလည္း အပါအဝင္ျဖစ္ပါတယ္။ အခက္အခဲေတြကို လင္မယားႏွစ္ေယာက္ အတူေျဖရွင္းခဲ့ၾကၿပီး လက္ရွိမွာေတာ့ ေပ်ာ္စရာမိသားစုဘဝေလးကို ပိုင္ဆိုင္ထားတဲ့ ဇနီးေမာင္ႏွံလည္း ျဖစ္ပါတယ္။ စမိုင္းလ္ဟာ ပြင့္ပြင့္လင္းလင္း ေနတတ္သူတစ္ဦးျဖစ္ၿပီး ဟန္ေဆာင္မႈကင္းတဲ့ သူမရဲ႕ ဟန္ပန္ေတြကေတာ့ ပရိသတ္ေတြၾကား သေဘာက်စရာ လည္း ျဖစ္ပါတယ္။ သမီးေလး နွစ္ေယာက္ရွိတဲ့ထဲက အၾကီးမေလး ကေတာ့ ေမာ္ဒယ္လ္ လုပ္ဖို႕ျပင္ဆင္ေနျပီး အသားညိဳညိဳနဲ႕ ၾကည္႕ေကာင္းတဲ့ ရုပ္ရည္ေလးေၾကာင့္ ပရိသတ္ေတြက ခ်စ္ေနၾကသလို တခ်ိဳ႕ပရိသတ္ေတြဆီက ေ၀ဖန္မႈေတြလည္းရွိေနပါတယ္ ။

 

 

 

စမုိင္းလ္က သူမရဲ႕ သမီးေလးကို နီဂရိုးနဲ႕ရတဲ့ကေလးလို႕ ေကာလဟာလေတြ ေျပာေနၾကတဲ့အေပၚမွာ ဘယ္နီဂရိုးနဲ႕မွ ရတာမဟုတ္သလို ဗုဒၶဘာသာ ျမန္မာလူမ်ိဳးစစ္စစ္ျဖစ္လုိ႕ သတင္းအမွားေတြ မယံုၾကပါနဲ႕လုိ႕ ပရိသတ္ေတြကို ေျပာခဲ့ပါတယ္ ။ ပထမ ေယာက္်ားနဲ႕ရတဲ့ကေလးျဖစ္ျပီး နီဂရိုးစပ္တယ္လုိ႕ အတြင္းသိ အဆင္းသိေတြ ထဲကပဲ ေကာလဟာလေတြ မဟုတ္မမွန္ေျပာေနတယ္လုိ႕ ၾကားတာပဲလုိ႕သိရပါတယ္ ။ “ ကြ်န္မကို ကြ်န္မအသိဆံုးပါ ကြ်န္မလင္ဟာဆိုရင္ ဗမာစကားေျပာတဲ့ ဗုဒၶဘာသာ စစ္စစ္ပါ ျပီးေတာ့လည္း ေယာက္်ားက တစ္ေယာက္ထဲရွိပါတယ္ “ လုိ႕ ပရိသတ္ေတြကို ျပန္လည္ ရွင္းျပခဲ့ပါတယ္ ။ နီဂရိုးနဲ႕ကြဲျပီး သူ႕ဆီက ရတဲ့ပိုက္ဆံေတြနဲ႕လက္ရွိေယာက္်ားကို ေထာက္ပံ့ေနတာပါဆိုျပီး မဟုတ္မမွန္သတင္းေတြလႊင့္ေနတာကို စိတ္ဆင္းရဲေနမယ္ဆိုရင္ ဘာမွ မထူးဘူး လုိ႕ စမုိင္းလ္က ေျပာျပခဲ့ပါတယ္ ။

Source : We Cele
Molly @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

သမီးလေးကို နီဂရိုးနဲ့ရတဲ့ကလေးလို့ပြောနေကြတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ စမိုင်းလ်

ပရိသတ်တွေကြား အားကျရတဲ့ အနုပညာရှင် ဇနီးမောင်နှံတွေထဲမှာ စမိုင်းလ်တို့ ဇနီးမောင်နှံလည်း အပါအဝင်ဖြစ်ပါတယ်။ အခက်အခဲတွေကို လင်မယားနှစ်ယောက် အတူဖြေရှင်းခဲ့ကြပြီး လက်ရှိမှာတော့ ပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ဇနီးမောင်နှံလည်း ဖြစ်ပါတယ်။ စမိုင်းလ်ဟာ ပွင့်ပွင့်လင်းလင်း နေတတ်သူတစ်ဦးဖြစ်ပြီး ဟန်ဆောင်မှုကင်းတဲ့ သူမရဲ့ ဟန်ပန်တွေကတော့ ပရိသတ်တွေကြား သဘောကျစရာ လည်း ဖြစ်ပါတယ်။ သမီးလေး နှစ်ယောက်ရှိတဲ့ထဲက အကြီးမလေး ကတော့ မော်ဒယ်လ် လုပ်ဖို့ပြင်ဆင်နေပြီး အသားညိုညိုနဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်လေးကြောင့် ပရိသတ်တွေက ချစ်နေကြသလို တချို့ပရိသတ်တွေဆီက ဝေဖန်မှုတွေလည်းရှိနေပါတယ် ။

စမိုင်းလ်က သူမရဲ့ သမီးလေးကို နီဂရိုးနဲ့ရတဲ့ကလေးလို့ ကောလဟာလတွေ ပြောနေကြတဲ့အပေါ်မှာ ဘယ်နီဂရိုးနဲ့မှ ရတာမဟုတ်သလို ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ်ဖြစ်လို့ သတင်းအမှားတွေ မယုံကြပါနဲ့လို့ ပရိသတ်တွေကို ပြောခဲ့ပါတယ် ။ ပထမ ယောက်ျားနဲ့ရတဲ့ကလေးဖြစ်ပြီး နီဂရိုးစပ်တယ်လို့ အတွင်းသိ အဆင်းသိတွေ ထဲကပဲ ကောလဟာလတွေ မဟုတ်မမှန်ပြောနေတယ်လို့ ကြားတာပဲလို့သိရပါတယ် ။ “ ကျွန်မကို ကျွန်မအသိဆုံးပါ ကျွန်မလင်ဟာဆိုရင် ဗမာစကားပြောတဲ့ ဗုဒ္ဓဘာသာ စစ်စစ်ပါ ပြီးတော့လည်း ယောက်ျားက တစ်ယောက်ထဲရှိပါတယ် “ လို့ ပရိသတ်တွေကို ပြန်လည် ရှင်းပြခဲ့ပါတယ် ။ နီဂရိုးနဲ့ကွဲပြီး သူ့ဆီက ရတဲ့ပိုက်ဆံတွေနဲ့လက်ရှိယောက်ျားကို ထောက်ပံ့နေတာပါဆိုပြီး မဟုတ်မမှန်သတင်းတွေလွှင့်နေတာကို စိတ်ဆင်းရဲနေမယ်ဆိုရင် ဘာမှ မထူးဘူး လို့ စမိုင်းလ်က ပြောပြခဲ့ပါတယ် ။

Source : We Cele
Molly @CeleGabar

scroll to top