” မဏ္ဍပ်မှာ သီချင်းစာသားမှားပြီး သီဆိုခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ ချမ်းမြေ့ မောင်ချို ”

Collage_Fotor-21.jpg

 

နှစ်သစ်သင်္ကြန်ကို ကြိုဆိုတဲ့အနေနဲ့ နိုင်ငံ တစ်ဝန်းမှာ ပျော်ပွဲရွှင်ပွဲတွေ အပြင် သင်္ကြန်မဏ္ဏပ် တွေမှာ နိုင်ငံကျော် အဆိုတော်များစွာ ဖျော်ဖြေပြီး နှစ်သစ်ကိုကြိုဆိုနေကြပါတယ်နော်။ ပရိတ်သတ်တွေချစ်ခင်အားပေးတဲ့ မြန်မာအိုင်ဒေါလ် ပွဲစဉ် (၃)ရဲ့ ဒုတိယဆုရှင် ချမ်းမြေ့ မောင်ချိုဟာလည်း ရန်ကုန်မြို့  (၁၉)လမ်း မဏ္ဍပ်မှာ တခြားသော အနုပညာရှင်မောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သီချင်းတွေ သီဆိုဖျော်ဖြေပေးနေတာပဲ ဖြစ်ပါတယ်။ရန်ကုန်မြို့အပြင်အခြားသောနယ်ပယ်အရပ်ရပ်ကသင်္ကြန်ပွဲဆင်နွှဲနေကြပုံများကို သိရှိနိုင်အောင်တီဗီရုပ်သံအစီအစဉ်များစွာကလည်းတိုက်ရိုက်ထုတ်လွှင့်ပေးနေကြပါတယ်။ ချမ်းမြေ့ မောင်ချို ဟာလည်းပရိသတ်ကိုမြူးကြွစွာဖျော်ဖြေနေတာတွေ့ရပါတယ်။

“အားကိုးမယ်နော်”သီချင်းကိုဖျော်ဖြေနေရင်း မောင်ချို ဟာ စိတ်လှုပ်ရှားပြီး စာသားတွေ မှားဆိုမိတာရှိခဲ့ပါတယ်။ဒါကို တချို့ သော ပရိသတ်တွေက သတိထားမိကြပြီး မောင်ချိုကို ဝေဖန်ပြောဆိုတာတွေ ရှိခဲ့ပေမယ့် ပရိသတ်အများအပြားကတော့ စိတ်လှုပ်ရှားပြီးမှားနိုင်တာမို့အပြစ်မမြင်သူတွေလည်းရှိပါတယ်။
သီချင်းစာသားမှားလဲ မောင်ချို လေးက နောက်ဆုံးထိ ပရိသတ်ကို မြူး မြူးကြွ ကြွနဲ့ ဖျော်ဖြေပေးနိုင်ခဲ့ပါတယ်။ မောင်ချို လည်းဒီထက်မက အောင်မြင်ပါစေလို့ Cele Gabar ကဆုတောင်းပေးလိုက်ပါတယ်။ Cele Gabarပရိသတ်ကြီးရော မှားတာကိုအပြစ်မမြင်ပဲနားလည်ပေးမယ် မဟုတ်လားနော်။

Source:မိုမိုလေး
khin@CeleGabar

scroll to top