” တေးသံရှင် Sia ဘာလို့သူ့မျက်နှာကို ဖုံးကွယ်ထားတာလဲ “

Collage_Fotor-23.jpg

 

အသက် (၄၀) အရွယ် တေးသံရှင် Sia ဟာ ဖျော်ဖြေပွဲတွေမှာဆိုရင် သူ(မ) မျက်နှာကို ကြီးမားတဲ့ ဖဲပြားကြီးအောက်မှာ ဆံပင်တုနဲ့မျက်နှာကို ဖုံးထားတတ်ပါတယ်။ ဆယ်စုနှစ် နှစ်ခုကြာတဲ့အထိ သီချင်းတွေရေးသီချင်းတွေဆိုနေတဲ့သူဖြစ်ပေမဲ့ (၂၀၁၁) ခုနှစ်လောက်မှ လူသိများလာခဲ့တာ ဖြစ်ပါတယ်။ Sia ရဲ့မျက်နှာကို အုပ်ထားတဲ့ စတိုင်ကြောင့်လူသိများလာတာ ဖြစ်ပါတယ်။ တခြားသော တေးသံရှင်တွေက စတိတ်စင်မြင့်ထက်မှာ အလှတွေပြင်ပြီး ဖျော်ဖြေတက်ပေမယ့် သူ(မ) ကတော့ မျက်နှာကို လူမြင်မှာ လိုလားခဲ့ပါဘူး။

“ ကျွန်မ အောင်မြင်တာမျိုး အသိမှတ်ပြုခံရတာမျိုး မလိုချင်ဘူး ကျွန်မရဲ့ ပုံတွေကို အင်တာနက်မှာ ဝေဖန်နေတာမျိုးတွေ မလိုချင်ဘူး ကျွန်မ အနေနဲ့ပေါ့ စတား တွေအတွက် သီချင်းတွေ ရေးပေးလာတာ ကြာပါပြီ သူတို့နဲ့လည်း ရင်းနှီးပါတယ် ဒါကြောင့် အောင်မြင်တဲ့သူတွေရဲ့ ဘ၀တွေ ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာ မြင်နေတွေ့နေရတယ် ကျွန်မ အဲ့လိုဘ၀မျိုး မလိုချင်ဘူး” လို့သူ(မ)ကပြောပါတယ်။

ဒါပေမဲ့ သူ(မ)ဟာ အခမ်းနားတွေမှာတော့ ဆံပင်တုမပါဘဲ တက်ရောက်ပါတယ်။ အခမ်းနားတွေမှာဆိုရင်လည်း မသိတဲ့သူဆိုရင် သူ(မ)ဟာ အဆိုတော်၊တေးရေး ဆရာမှန်း မှတ်မိကြမှာ မဟုတ်ပါဘူး။ သူ(မ)ရဲ့ အမှတ်သားက ဆံပင်တုမပါရင်လည်း ဆံပင်ကို ခပ်မြင့်မြင့် ထုံးထားတက်ပြီး နှုတ်ခမ်းနီ ရဲရဲဆိုးတက်တာ ဖြစ်ပါတယ်။သူ(မ)ဟာ ဆံပင်တုတပ်ပြီးတော့ မျက်နှာကိုဖုံးကွယ်ထားရတာက အောင်မြင်မှုနောက်ကွယ်က အမှောင်တွေ၊ဝေဖန်မှုတွေကို မလိုလားလို့ဖြစ်ပါတယ်။ သူ(မ)မှာ ဆံပင်တုဒါဇင်ပေါင်းများစွာရှိပြီး ဘယ်နေရာမှာ ဖျော်ဖြေပွဲလုပ်လုပ် ဆံပင်တု ရောင်စုံ ဆင်မြန်းတက်ပါတယ်။


မိုးစက်လေး

scroll to top