“ကမ္ဘာ့ သြဇာအကြီးမားဆုံး စုံတွဲများ”

Collage_Fotor-24.jpg

 

တစ်ဘ၀လုံးအတွက် လက်တွဲဖော်ရွေးချယ်ရာမှာ မှန်ကန်ဖို့ လိုအပ်ပါတယ်။တသက်လုံး အေးအတူ ပူအမျှ သစ္စာရှိရှိ ပေါင်းသင်းသွားနိုင်မယ့် လက်တွဲဖော် ရွေးချယ်တက်ဖို့ကလည်း အရေးကြီးပါတယ်။လက်တွဲဖော်ရွေးချယ်မှု မှန်ကန်ခဲ့လို့ ခုချိန်ထိ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေး ဖန်တီးနိုင်ကြတဲ့ ကမ္ဘာ့ သြဇာအကြီးမားဆုံးစုံတွဲ စာရင်းမှာ ပါဝင်လာတဲ့ တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၉။ Patizio Bertelli နဲ့Miuccia prada
ဖက်ရှင်ပညာရှင် Miuccia ဟာ သူ(မ)ရဲ့ချစ်ခင်ပွန်း Patizio Bertelli နဲ့အတူအ၀တ်အထည် လုပ်ငန်းထူထောင်ထားပါတယ်။သူ(မ)က ဒီဇိုင်း ပိုင်းကို ဦးဆောင် ခင်ပွန်းက စီအီးအို တာဝန်ကိုယူကာ လင်မယားနှစ်ယောက် အတွဲညီညီနဲ့ အလုပ်ကြိုးစားလာခဲ့ကြတာ သူတို့ရဲ့အသားတင် ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၁ဒသမ ၉) ဘီလီယံအထိရှိနေပါပြီ။

 

၈။ ဂျရက်ပီကေးနဲ့ ရှာကီရာ
ကိုလမ်ဘီယာ နွယ်ဖွားတေးသံရှင် ရှာကီရာနဲ့ သူ(မ)ရဲ့ချစ်ခင်ပွန်း ဘောလုံးအကျော်အမော် ဂျရက်ပီကေး တို့ဟာ လူတွေအားကျ အတုယူဖွယ် စုံတွဲတစ်တွဲဖြစ်ပါတယ်။လင်မယားနှစ်ဦးစလုံး သက်ဆိုင်ရာနယ်ပယ်မှာ အောင်မြင်နေကြသူတွေဖြစ်ပြီး သာယာပျော်ရွှင်ဖွယ် မိသားစုလေးကိုလည်း တည်ဆောက် ထားတာဖြစ်ပါတယ်။

 

၇။ ဟီလာရီကလင်တန်နဲ့ဘီလိကလင်တန်
အမေရိကန် သမ္မတဟောင်းဖြစ်တဲ့ ဘီလ်ကလင်တန်နဲ့အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ကလင်တန် တို့ဟာလည်း ကမ္ဘာမှာ သြဇာအကြီးမားမူ အရှိဆုံး စုံတွဲလို့ပြောလို့ရပါတယ်။နိုင်ငံရေး လုပ်ငန်းတွေကိုအတွဲညီညီလုပ်ဆောင်နေတဲ့ စိတ်တူကိုယ်တူ ဇနီးမောင်နှံပါ။

 

၆။ Marissa Mayer နဲ့ Zachay Bogue
Yahoo ရဲ့စီအီးအိုဖြစ်တဲ့ Mayer နဲ့ Zachay တို့ဟာ (၂၀၀၉) ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့သြဇာအကြီးဆုံး စုံတွဲအဖြစ် အသိမှတ်ပြုခံထားရသူတွေဖြစ်ပါတယ်။

 

၅။ Portia de Rossi နဲ့Ellen Degeneres
Talk Show တွေမှာ အောင်မြင်ကျော်ကြားတဲ့ အစီစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Ellen နဲ့မင်းသမီးတစ်ဦးဖြစ်တဲ့ Portia de Rossi တို့ဟာ လိင်တူချစ်သူတွေဖြစ်ပြီး (၂၀၀၈) ခုနှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ကလည်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး ဖန်တီးနိုင်ကြသူတွေဖြစ်ပါတယ်။

 

 

၎။ Xi Jingping နဲ့Peng Liyuan
Peng Liyuan ဟာ တရုတ်သမ္မတ ရှီကျင့်ပင် ရဲ့ဒုတိယ ဇနီးဖြစ်ပါတယ်။သူ(မ)ဟာ ယခင်က အဆိုတော်တစ်ယောက် ဖြစ်ခဲ့ပြီး သူ(မ)ရဲ့ချစ်ခင်ပွန်းကိုလည်း မကြာခဏ နောက်ပြောင်ကျီစယ် တက်တဲ့ချစ်စရာ ဇနီးမောင်နှံဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာလည်း တစ်ဦးကို တစ်ဦး သိပ်ချစ်ကြတဲ့ စုံတွဲတွေဖြစ်ပါတယ်။

 

 

၃။ Jay-Z နဲ့Beyonce
အမေရိကန် ဂီတလောကရဲ့ အတုယူဖွယ်စုံတွဲဖြစ်ပါတယ်။ဝါသနာတူ မို့ သာယာပျော်ရွှင်တဲ့ မိသားစုကိုဖန်တီးထားနိုင်တဲ့ စုံတွဲဖြစ်ပါတယ်။

 

၂။ မီလန်ဒါ ဂိတ်နဲ့ဘီလိဂိတ်
အသားတင် အမြတ်ငွေ (၆၇) ဘီလီယံ ရှိတဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလ်ဂိတ်နဲ့သူ့ရဲ့ချစ်ဇနီး မီလင်ဒါ တို့ဟာလည်း ကမ္ဘာ့အင်အားအကြီးဆုံး စုံတွဲမှာပါဝင်ပါတယ်။

 

 

၁။ မီချယ်အိုဘားမားနဲ့ ဘားရက်အိုဘားမား
မီချယ်နဲ့ဘားရက် အိုမားဘားတို့စုံတွဲကတော့ ကမ္ဘာ့စံပြစုံတွဲပါပဲ။ အိုဘားမားဟာ သမ္မတဖြစ်ချိန်ကရောခုချိန်မှာပါ ဇနီးကို ချစ်ပြဖို့ ဘယ်တော့မှ မရှက်တက်တဲ့သူထဲမှာ ပါတယ်။မီချယ်ကလည်း ခင်ပွန်းအပေါ်ချစ်ခင် နားလည်သူဖြစ်လို့ ကမ္ဘာ့အင်အားအကြီးဆုံး စုံတွဲရဲ့ နံပါတ်တစ်နေရာမှာ ပါလာတတာဖြစ်ပါတယ်။

 

မိုးစက်လေး

scroll to top