” သေဆုံးသွားတဲ့ချစ်သူနဲ့ လျှောက်လည်ဖူးတဲ့ သင်္ကြန်အမှတ်တရတွေကို ပြန်လည်လွမ်းဆွတ်နေတဲ့နီလန်း “

Collage_Fotor-25.jpg

 

အခုချိန်ခါကနှစ်သစ်ကိုကြို ဆိုပြီး ပျော်ရွှင်နေကြတဲ့အချိန်လေးပါပဲနော်။ ဒီနှစ်သင်္ကြန်မှာတော့ မြန်မာအိုင်ဒေါလ်အဖွဲ့ဝင်နီလန်းဟာ မြန်မာအိုင်ဒေါလ်က အနုပညာ ညီအစ်ကိုမောင်နှမတွေနဲ့ မဏ္ဍပ်မှာ သီချင်းဆိုရင်း ဖြတ်သန်းနေတာ ဖြစ်ပါတယ်။မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့တောင်ဇလပ်မြေက တောင်ပေါ်သူလေး နီလန်းကအသံကြည်ကြည်လေးနဲ့ စွဲဆောင်မှုရှိတဲ့သူလေးပဲဖြစ်ပါတယ်။သူမဟာ မိတ်ကပ်ပညာရှင်တစ်ဦးအဖြစ်လည်း ရပ်တည်နေပါသေးတယ်တဲ့နော်။ဒီနှစ် သင်္ကြန်မှာတော့ မြန်မာအိုင်ဒေါလ်အဖွဲ့ဝင် နီလန်းဟာ ၁၉လမ်းက Channel 9 Myanmar နဲ့ Shwe FM မိသားစုက မဏ္ဍပ်မှာ စီနီယာအနုပညာရှင်တွေနဲ့အတူ မြန်မာအိုင်ဒေါလ်က မောင်နှမတွေနဲ့သီချင်းဆိုရင်း ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

 

 

နီလန်းဟာပရိသတ်တွေကို ပျော်ရွှင်အောင် သီချင်းတွေ ဖျော်ဖြေနေရပေမယ့် ကိုယ်တိုင်တော့ အပြည့်အဝ မပျော်ရွှင်နိုင်ပါဘူး။ နီလန်းက သူမရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ချစ်သူနဲ့ အတူတူ လျှောက်လည်ခဲ့ဖူးတဲ့ အမှတ်တရတွေကို ပြန်လည်သတိရရင်း ဝမ်းနည်းနေပါတယ်။ နီလန်းရဲ့ချစ်သူကောင်လေးက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လ (၂၂) ရက်နေ့ညပိုင်းက မတော်တဆမှုနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ မနှစ်ကတော့ ချစ်သူနဲ့အတူတူ သင်္ကြန်ကို ပျော်ရွှင်စွာ လည်ပတ်ခဲ့ပြီး အခုနှစ်မှာတော့ ချစ်သူအနားမှာမရှိတော့တာကိုတွေးပြီး ဝမ်းနည်းနေပုံရပါတယ်။

 

 

“April 14….. 2018 မနှစ်က ဒီချိန်ဆို သူနဲ့ ပေါ့ အရမ်းပျော်ခဲ့တာ လမ်းလျှောက် သင်္ကြန်လေးသွားပြီး ဆိုက်ကားလေးနဲ့အိမ်ပြန်ခဲ့တဲ့အချိန်လေးကို လွမ်းတယ်ဆိုတာထက်ပိုပါတယ် 😌😌 အားလုံးပဲ ပျော်ရွှင်ကြပါစေ 🙂🙂♥️♥️” ဆိုပြီး သူမရဲ့ ခံစားချက်တွေကို စုံတွဲပုံလေးတွေနဲ့အတူ သူမရဲ့လူမှုကွန်ရက်ကနေမျှဝေထားပါတယ်။နီလန်းအတွက်ကတော့ အရမ်းချစ်ကြတဲ့ချစ်သူနဲ့သေကွဲကွဲရတာ ရင်နင့်စရာပါပဲနော်။ Cele Gabar ပရိသတ်င်္ကြီးလည်း နီလန်းနဲ့ ထပ်တူဝမ်းနည်းရမယ်လို့ ထင်ပါတယ်နော်။

 

Source:Nilen Parmawi
khin@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top