“ဂျေဒင်စမစ်ကြောင့် ပုလင်းကွဲရှခဲ့တဲ့ မမ များ”

Collage_Fotor-26.jpg

 

 

သိပ်မကြာသေးခင် အချိန်က ပဲ ဂျေဒင်စမစ်က တိုင်လာ (The Creator) နဲ့ ဒိတ်လုပ်ခဲ့တဲ့အကြောင်း ၀န်ခံခဲ့ပါတယ်။ “Men In Black” ကားတွေအပြင် ဇတ်ကားပေါင်းများစွားကို ရိုက်ကူးခဲ့တဲ့ ၀ဲလ်စမစ်ရဲ့ သားဖြစ်သူ ဂျေဒင် ဟာ “The Karate Kid 2010” ဇာတ်ကားမှာ ဂျက်ကီချန်းနဲ့အတူ သရုပ်ဆောင်ခဲ့ပြီး မြန်မာပရိသတ်တွေ ကြားမှာ နာမည်ရခဲ့တယ်လို့ ပြောလို့ရပါတယ်။ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်ရှိပြီး ရုပ်ရည်ချောမောတဲ့ သူ့အသွင်အပြင်ကြောင့် ဂျေဒင်ဟာ နတ်သမီးတမျှလှပတဲ့ မော်ဒယ် တွေနှင့် ချစ်သူရည်စားဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စကပ်ပုံစံ မျိုးတွေ ၀တ်ဆင်လာတာတွေ့ရပြီး ဖက်ရှင်ကြောင့် ဒီလိုဝတ်တယ်လို့ ဆင်ခြေပေးခဲ့ပေမယ့် တိုင်လာ (The Creator) နဲ့ဒိတ်ခဲ့တာကို လူသိရှင်ကြားဝန်ခံခဲ့အပြီးမှာ လိင်တူချင်းနှစ်သက်သူဖြစ်တယ်လို့ကောက်ချက်ချလို့ရနေပါပြီ။ ဒါကြောင့် ဘယ်သူတွေ ပုလင်းကွဲရှခဲ့သလိုဆိုတာ ကြည့်လိုက်ရအောင်နော်…

၁။ အိုဒီစာ အယ်လ်ဒွန်

ပါမီလာ အယ်လ်ဒွန်ရဲ့ သမီးဖြစ်သူ အိုဒီစာ အယ်လ်ဒွန် နဲ့ ဂျေဒင်ဟာ ၂၀၁၇ အစောပိုင်းကာလ မှာ ဒိတ်လုပ်ခဲ့ပါတယ်။

၂။ ဆာရာ ဆန်ဒါ

 

ဂျေဒင် နှင့် မော်ဒယ် ဆာရာ ဆန်ဒါတို့ ဟာ ၂၀၁၅ ခုနှစ် သြဂုတ်လကနေ ၂၀၁၇ ခုနှစ်အစောပိုင်အထိ ချစ်သူရည်းစားအဖြစ်လက်တွဲခဲ့ကြပါတယ်။ ဆာရာ ဆန်ဒါကတော့ ဖက်ရှင်မော်ဒယ်အဖြစ်နဲ့ ရပ်တည်လာခဲ့ပြီး ၂၀၁၅ ခုနှစ် အစမှာ ဂျေဒင်ရဲ့ချစ်သူအဖြစ်နဲ့ လူသိများခဲ့ပါတယ်။ လူမူကွန်ရက်တွေမှာလဲ နာမည်ကျော်ခဲ့ပြီး သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ၁.၇ သန်း ကျော်အထိ ဖောလိုး(Follow) လုပ်ခဲ့ကြတာပါ။

၃။ အန်မန်ဒါလာ စတန်ဘတ်ဂ်ျ

၂၀၁၅ ခုနှစ်မှာတော့ အန်မန်ဒါလာ စတန်ဘတ်ဂ်ျနှင့် ဂျေဒင်တို့ အကြောင်းကို ကောလဟလထွက်ခဲ့ပါသေးတယ်။ အကြောင်းရင်းကတော့ အထက်တန်းကျောင်းကပွဲမှာ အတူတူသွားခဲ့ပြီး ကခဲ့ကြတာကြောင့်လို့သိရပါတယ်။ သူ(မ)ကတော့ အမေရိကန် သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီးတော့ “Colombiana” မှာ ကတ်တက်လေယာရဲ့ လူငယ်ပိုင်းအဖြစ် သရုပ်ဆောင်ခဲ့တာနှင့် “The Hunger Games” မှာ Rue အဖြစ်မှာ သရုပ်ဆောင်ခဲ့တာတွေကြောင့် နာမည်ရခဲ့ပါတယ်။

၎။ ခိုင်လီ ဂျန်နာ

ဂျေဒင် နှင့် မော်ဒယ်ခိုင်လီ ဂျန်နာတို့က ၂၀၁၃ ခုနှစ် မတ်လ ကနေ အောက်တိုဘာ လအတွင်းမှာ ချိန်းတွေ့ခဲ့ကြပါတယ်။ ခိုင်လီ ဂျန်နာ အသက် ၂၀ နှစ် အရွယ်ရှိပြီး မော်ဒယ်အဖြစ် လုပ်ကိုင်နေသူ၊နာမည်ကြီးဆယ်လီတစ်ယောက်ပါ။

၅။ ဆိုဖီယာ ရစ်ခ်ျချီ

ဆိုဖီယာ ရစ်ခ်ျချီ နဲ့ ဂျေဒင် တို့ဟာ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာကနေ ၂၀၁၃ ခုနှစ် ဇန်န၀ါရီအတွင်းမှာ ဒိတ်လုပ်ခဲ့တာတွေရှိခဲ့တယ်လို့ ကောလာဟလေလေးတွေထွက်ပေါ်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဆိုဖီယာ ဟာ အမေရိကန်ဖက်ရှင် မော်ဒယ်တစ်ယောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။

၆။ စတယ်လာ ဟတ်ဒ်ဂျန်

အသက် ၂၂ နှစ်အရွယ် စတယ်လာနှင့် ဂျေဒင် တို့ဟာ ၂၀၁၁ ခုနှစ် ဂျူလိုင်ကနေ ၂၀၁၂ ခုနှစ် အထိ လက်တွဲခဲ့ကြပါတယ်။ စတယ်လာက အမေရိကန် အဆိုတော်တစ်ဦးအပြင် သရုပ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ်။

အပြင်ပုံပန်းကြည့်ရရုံနဲ့ အစို အခြောက် ခွဲမရတဲ့ ခေတ်ကြီးမှာ ဒီ မမချောမော်ဒယ်တွေကတော့ အကြီးကြီးကို ပုလင်းကွဲရှ ခဲ့ရတာပါ။ ဂျေဒင်ကလဲ လူကသာ မည်းမည်းသည်းသည်း ဟိုမို ဖြစ်နေပေမယ့် မော်ဒယ်တွေမင်းသမီးတွေနဲ့ပဲ တွဲခုတ်ခဲ့တာပါ (အချဉ်တော့မဟုတ်ဘူးနော်) ။ ဒီပို့စ်ကို ဖတ်ပြီးသွားတဲ့ မမ တွေလဲ သေချာကြည့်ရှောင်ကြပါလို့…

Ribo

scroll to top