“ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ခပ်ချောချော ဂိမ်းသမလေးများ “

00-32-1.png

 

ခုလို ခေတ်မှာ ဂိမ်းဆိုတာကတော့ လူငယ်တွေရဲ့ အသည်းစွဲလို့ပြောလို့ရပါတယ်။ ဂိ်မ်းကို ၀ါသနာပါလို့ပညာရှင်အဆင့် ဆော့နေကြတဲ့ သူတွေလည်းအများကြီးရှိပါတယ်။ဒီလို ပညာရှင်အဆင့် Gamer တွေထဲမှာ မိန်းကလေးလည်းဖြစ် ၊ချောလည်းချော၊ ၀င်ငွေလည်း ကောင်းတဲ့ ကမ္ဘာ့ ၀င်ငွေအကောင်းဆုံးဂိမ်းသမလေးခြောက်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

၆။ Sasha Hosryn
ကနေဒါနိုင်ငံသူလေး ဆာရှာ ဟာ ကမ္ဘာ့ပေါ်ပြုလာအဖြစ်ဆုံး Gamer တစ်ယောက်ဖြစ်ပါတယ်။သူ(မ)ဟာ စကားလက် ဆိုတဲ့နာမည်နဲ့ ဂိမ်းကစားတက်သူဖြစ်ပါတယ်။သူ(မ)ဟာ StarCraft II ဂိမ်းကိုကောင်းကောင်းကြီး ကစားနိုင်သူဖြစ်ပါတယ်.။ေ နာက်ပြီး Dota 2 ကိုလည်း ဆော့ပါတယ်။ဒေါ်လာ တစ်သိန်းအထိ ငွေသားဆု ဆွတ်ခူးဖူးသူဖြစ်ပါတယ်။ဒါပေမယ့် သူလေးက လိင်ပြောင်းထားတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ချစ်စရာကောင်းလှတဲ့ သူ(မ)ကတော့ ၀င်ငွေအကောင်းဆုံး အချောဆုံး Gamer စာရင်းမှာ ပါဝင်သူဖြစ်ပါတယ်။

 

 

၅။ Zainab Turkie
သူ(မ)ကို Counter-Strike:Global Offensive ကစားသမားတွေကတော့ zAAz လို့သိထားကြပါတယ်။သူ(မ)ဟာ (၂၀၀၈) ခုနှစ်ကစပြီး ဂိမ်း ဆော့လာတာဖြစ်ပါတယ်။ ဂိမ်းနဲ့ပတ်သက်ပြီး ဆုကြေးငွေ ဒေါ်လာကိုးသောင်းအထိ ရဖူးသူဖြစ်ပါတယ်။

 

 

၎။ Vanessa Arteaga
ဗီဒီယို ဂိမ်းလောကရဲ့ စူပါစတားဖြစ်တဲ့ Vanessa Arteaga ဟာ တိုက်ခိုက်တဲ့ ဂိမ်းတစ်မျိုးဖြစ်တဲ့ Dead or Alive 4 မှာတော့ ဆရာကြီးပါ။(၂၀၀၈) ခုနှစ်ကဆိုရင် ချန်ပီယံ ဆုရှင်အဖြစ်ရွေးချယ်ခံရပြီး ဒေါ်လာ တစ်သောင်းခွဲ ဆုရဖူးပါတယ်။ဂိမ်းလောက မှာဆရာကျသလို ရုပ်ကလည်းချောမောတာကြောင့် လူသိများသူ
လေးဖြစ်ပါတယ်။

 

 

၃။ Julia Kiran
ဂိမ်းလောကမှာ Juliano လို့လူသိများတဲ့ Julia Kiran ဟာ Counter-Strike:Global Offensive ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူ(မ)ဟာ (၂၀၁၆) ခုနှစ်က ကျင်းပတဲ့ IEM Katowice ပွဲမှာ We run This place အဖွဲ့အနေနဲ့ ဆုရဖူးပါတယ်။နောက်ပြီး တခြားပြိုင်ပွဲတွေမှာလည်း ဆုကြေးတွေ အများကြီးဆွတ်ခူးဖူးသူဖြစ်ပါတယ်။

 

 

၂။ Rumay Wang
Hafu ဆိုတဲ့နာမည်နဲ့ ဂိမ်းလောကမှာ အောင်မြင်နေတဲ့ Rumay Wang ဟာ World of Warcraft (WoW)ချန်ပီယံ တစ်ယောက်ဖြစ်ပါတယ်။ဆုကြေးငွေတွေလည်း အမများကြီး ရဖူးသူလေးဖြစ်ပါတယ်။သူ(မ)ရဲ့ချစ်သူ ကနေတစ်ဆင့် ဂိမ်းကိုစတင်ရူးသွပ်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

 

၁။ Katherine Gunn
Mystik ဆိုတဲ့နာမည်နဲ့ လူသိများနေတဲ့ ကတ်သရင်းဟာ ကမ္ဘာ့ ၀င်ငွေအကောင်းဆုံး Gamer တစ်ယောက်ဖြစ်ပါတယ်။ သူ(မ) ကျွမ်းကျင်တဲ့ ဂိမ်းကတော့ Dead or Alive 4 နဲ့ Halo:Reach တို့ဖြစ်ပါတယ်။သူ(မ)နဲ့ယှဉ်ပြိုင်သူတိုင်း ရူံးရတာ သိပ်တော့မဆန်းပါဘူး။ဘာလို့လည်းဆိုတော့ ဂိမ်းလည်း ကျွမ်းသလို သိပ်လည်းချောလွန်းတာကြောင့်ပါ။

 

 

scroll to top