
collage-88.jpg

 


 


Source – Zay Paing
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

ညီဖြစ်သော်လည်း ပူဇော်ထိုက်သူတစ်ယောက် ကို ရှိခိုးဦးချ ခဲ့တဲ့ ဖြိုးမြတ်အောင်

ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝအခိုင်အမာရရှိထားကြတဲ့ ဖြိုးမြတ်အောင် ကတော့ အနုပညာအလုပ်တွေကို နေ့ရောညပါ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ပရိသတ်အချစ်တော်လေး ဖြိုးမြတ်အောင်ကတော့ ရှိုးပွဲတွေ ဆက်တိုက်သီဆိုဖျော်ဖြေနေသလို ကြော်ငြာတော်တော်များများလည်း ရိုက်ကူးပေးနေပြီး ချစ်ခင်ရတဲ့ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်ရှိနေသူဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ကတော့ အင်မတန် ရိုးသားတာကြောင့် ပရိသတ်တွေက ချစ်ခင်နေသလို ဘာသာတရားကိုင်ရှိုင်းတဲ့စိတ်ထားကြောင့်လည်း ပရိသတ်တွေက သည်းသည်းလှုပ်ပါ ။ ဒီနေ့မှာတော့ သာသနာ့ ဘောင် ကို ဝင်ရောက်သွားတဲ့ ညီဖြစ်သူ ကို ရိုရိုသေသေ ရှိခိုးဦးချခဲ့တာာကိုတွေ့ရပါတယ်။ ညီဖြစ်ပေမယ့် ဘုရားသားတော်ဖြစ်သွားတဲ့ ဘချစ် ကို ရိုရိုကျိုးကျိုးဦးချခဲ့တဲ့ စိတ်ထားလေးက လေးစားစရာပါ ။

Source – Zay Paing
Nay Madhuri

scroll to top