AyeThaung_CeleGabar_Feauture-e1555643262228.jpg
AyeThaung_CeleGabar
Aye Thaung CeleGabar
Aye Thaung CeleGabar
Aye Thaung
Aye Thaung
Source Aye Thaung
JOE @ CeleGabar
ကျောင်းစိမ်းလုံချည်နှစ်ထည်တည်းနဲ့ ကျောင်းတက်ရတဲ့ ငယ်ဘဝကိုပြောပြသွားတဲ့ မအေးသောင်း
မအေးသောင်းဆိုရင် အမျိုးသားထုကြီးက သောင်းသောင်းဖျဖျအားပေးကြတဲ့ သရုပ်ဆောင်၊ မော်ဒယ်တစ်ယောက်ပါ။ လက်ရှိမှာတော့ မအေးသောင်းက Remax ၊ Thant Myanmar ၊ ဆန်းကစ် နဲ့ ဆမ်ဆောင်း စတဲ့ကုမ္ပဏီတွေက အနုပညာ Brand Ambassador အဖြစ်ခန့်အပ်ထားတဲ့အထိ အောင်မြင်နေတာပါ။ ခုချိန်မှာ အောင်မြင်နေပေမဲ့ ငယ်ငယ်တုန်းက ဘဝတစ်စိတ်တစ်ပိုင်းကို လူမှုကွန်ရက်ကနေတစ်ဆင့် ပြောပြခဲ့တာပါ။
“ငယ်ငယ်တုန်းက ကျောင်းတက်တာကို သတိရတယ်။ အဲ့တုန်းက ကျောင်းစိမ်းလုံချည်က ၂ ထည်ပဲရှိတာ။ တထည်ဝတ် တထည်လျှော် ။ နောက်နေ့မနက်ကျောင်းသွားခါနီး မီးပူတိုက်တာကို သတိရနေတာ တဲ့။ ကိုယ်ပြောတာကိုယ်ပြန်စာတမ်းထိုးပြနေတာ။” လို့ မအေးသောင်းက Comment ကနေ ပရိသတ်ကို ဟာသနှောပြီး ငယ်ဘဝကို အသိပေးလိုက်တာပါ။ မအေးသောင်းဆိုတဲ့ အပျိုကြီးမမ ပန်းပွင့်ကို ချူလိုပန်ဆင်သူတွေ ဝိုင်းနေပေမဲ့ တစ်ကိုယ်တည်းနေတဲ့ မအေးသောင်းအပေါ် ဆယ်လီကမ္ဘာပရိသတ်ကြီးကရော ဘာပြောချင်သေးလဲဆိုတာ မှတ်ချက်မှ တစ်ဆင်ေ့ပြောနိုင်ပါတယ်ဗျာ။
Source Aye Thaung
JOE @ CeleGabar
scroll to top