ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ DJ Yello နဲ႕ ခ်စ္သူေတြျဖစ္ေနျပီလို႕ နာမည္ထြက္ရွိလာတဲ့ စံရတီမိုးျမင့္

Collage_Fotor-6.png

 

အျပစ္ကင္းစင္ျပီး ဟန္ေဆာင္မွုကင္းတဲ့ အျပံုးေလးေတြေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အားေပးျခင္းကို အထူးခံေနရတဲ့ ဆယ္ေက်ာ္သက္ လူငယ္ DJ Artist တစ္ေယာက္ျဖစ္တဲ့ DJ Yello ကေတာ့ ျမန္မာနိုင္ငံရဲ႕ လူငယ္ၾကိဳက္ Edm Festival ပြဲၾကီး မွာ အျမဲတမ္းေဖ်ာ္ေျဖေနရသူDJ Artist တစ္ဦးျဖစ္ပါတယ္။

 

 

နုတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ လူေခ်ာေလးတစ္ေယာက္ ျဖစ္တဲ့ ျပင္ လတ္တေလာမွာ မိန္းကေလးပရိသတ္ေတြ မနာလိုသြားရေလာက္ေအာင္ DJ Yello နဲ႕ မင္းသမီးေခ်ာေလး စံရတီမိုးျမင့္တို႕ ခ်စ္သူေတြ ျဖစ္ေနျပီျဖစ္ေၾကာင္း သတင္းထြက္ရွိလာတာျဖစ္ပါတယ္။ ကာယကံရွင္နွစ္ဦးျဖစ္တဲ့ DJ Yello နဲ႕ စံရတီမိုးျမင့္တို႕ နွစ္ေယာက္ကေတာ့ ဒီသတင္းအတြက္ ဘာ အင္တာဗ်ဴး မွ ရွင္းလင္းေျဖၾကားထားျခင္းမရွိေသးေပမဲ့ စံရတီမိုးျမင့္ ဘက္ကေတာ့ သူငယ္ခ်င္းေတြပါ လို႕ သူမရဲ႕ Facebook မွာ ဆိုထားပါတယ္။

 

သူတို႕နွစ္ေယာက္ အသံုးျပဳတဲ့ Facebook Myday နဲ႕ Instagram ေတြမွာ တစ္ေယာက္ကို တစ္ေယာက္စေနာက္တဲ့ ကိုယ္စီပံုေလးေတြကို တင္လို႕ ထားတာေၾကာင့္ ပရိသတ္ေတြ အေတာ္အမ်ားမ်ား သတိထားမိခဲ့တာျဖစ္ျပီး ခုလို ခ်စ္သူေတြ ျဖစ္ေနေၾကာင္း သတင္းမ်ားထြက္ရွိလို႕ လာတာျဖစ္ပါတယ္။ မိန္းကေလးပရိသတ္ေတြၾကားမွာ အရမ္းကို ဂယက္ထခဲ့ရတဲ့ သတင္းတစ္ခုျဖစ္ျပီး ဆယ္လီကမာၻပရိသတ္ၾကီးရဲ႕ အျမင္မ်ားကို လည္း မွ်ေ၀သြားၾကပါဦးေနာ္..။

Source: Photo Original uploader
Khin Mi Mi@ CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

အပြစ်ကင်းစင်ပြီး ဟန်ဆောင်မှုကင်းတဲ့ အပြုံးလေးတွေကြောင့် နုတ်ခမ်းနီမလေးတွေရဲ့ အားပေးခြင်းကို အထူးခံနေရတဲ့ ဆယ်ကျော်သက် လူငယ် DJ Artist တစ်ယောက်ဖြစ်တဲ့ DJ Yello ကတော့ မြန်မာနိုင်ငံရဲ့ လူငယ်ကြိုက် Edm Festival ပွဲကြီး မှာ အမြဲတမ်းဖျော်ဖြေနေရသူDJ Artist တစ်ဦးဖြစ်ပါတယ်။

နုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် လူချောလေးတစ်ယောက် ဖြစ်တဲ့ ပြင် လတ်တလောမှာ မိန်းကလေးပရိသတ်တွေ မနာလိုသွားရလောက်အောင် DJ Yello နဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်တို့ ချစ်သူတွေ ဖြစ်နေပြီဖြစ်ကြောင်း သတင်းထွက်ရှိလာတာဖြစ်ပါတယ်။ ကာယကံရှင်နှစ်ဦးဖြစ်တဲ့ DJ Yello နဲ့ စံရတီမိုးမြင့်တို့ နှစ်ယောက်ကတော့ ဒီသတင်းအတွက် ဘာ အင်တာဗျူး မှ ရှင်းလင်းဖြေကြားထားခြင်းမရှိသေးပေမဲ့ စံရတီမိုးမြင့် ဘက်ကတော့ သူငယ်ချင်းတွေပါ လို့ သူမရဲ့ Facebook မှာ ဆိုထားပါတယ်။

သူတို့နှစ်ယောက် အသုံးပြုတဲ့ Facebook Myday နဲ့ Instagram တွေမှာ တစ်ယောက်ကို တစ်ယောက်စနောက်တဲ့ ကိုယ်စီပုံလေးတွေကို တင်လို့ ထားတာကြောင့် ပရိသတ်တွေ အတော်အများများ သတိထားမိခဲ့တာဖြစ်ပြီး ခုလို ချစ်သူတွေ ဖြစ်နေကြောင်း သတင်းများထွက်ရှိလို့ လာတာဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကို ဂယက်ထခဲ့ရတဲ့ သတင်းတစ်ခုဖြစ်ပြီး ဆယ်လီကမ္ဘာပရိသတ်ကြီးရဲ့ အမြင်များကို လည်း မျှဝေသွားကြပါဦးနော်..။

 

scroll to top