ခ်စ္သူေကာင္ေလးအသစ္နဲ႕ အနမ္းေခၽြကာ ခ်စ္ခန္းဖြင့္ေနတဲ့ ေဟာလီ၀ုဒ္ မင္းသမီးေခ်ာ Bella Thorne

270711b3-185f-412e-aa2b-a8d0bfab1d8d.png

 

Shake It Up ဆိုတဲ့ ဇာတ္လမ္းနဲ႔ နာမည္ရလာခဲ့တဲ့ မင္းသမီး Bella Thorne ဟာ လက္ရွိမွာ အသက္(၂၁ ) ႏွစ္ သာရွိေသးၿပီး ေဟာလီဝုဒ္မင္းသမီးတစ္ေယာက္လည္း ျဖစ္သလို ေပါ့ခ္နဲ႔ ေပါ့ခ္ေရာခ့္ အမ်ိဳးအစား သီခ်င္းေတြကို သီဆိုတဲ့ အဆိုေတာ္မေလးတစ္ဦးလည္းျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္းမွာေတာ့ Midnight Sun (2018) နဲ႔ Assassination Nation (2018) ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးႏွစ္ကား ထြက္ရွိခဲ့ကာ (၂၀၁၉) ခုနွစ္အတြင္းမွာေတာ့ သူမရဲ႕ ရုပ္ရွင္ နဲ႕ သီခ်င္းေတြကို အေတြ႕နည္းေနေသးတယ္လို႕ ဆိုရမွာပါ။

 

 

 

လတ္တေလာမွာ မင္းသမီး Bella Thorne ကို အမ်ားက စိတ္၀င္စားေနေစတဲ့ အခ်က္ကေတာ့ သူမရဲ႕ အခ်စ္ေရးျဖစ္ျပီး မင္းသမီး Bella Thorne ဟာ အမ်ိဳးသားေကာ အမ်ိဳးသမီးကို ပါ ခ်စ္ႏွစ္သက္တတ္တဲ့ Bisexual တစ္ေယာက္ျဖစ္ေၾကာင္း ဝန္ခံခဲ့ဖူးသူျဖစ္ပါတယ္။ လိင္တူခ်စ္သူတစ္ေယာက္အေနနဲ႔ သူမပထမဆုံးတြဲခုတ္ေနတဲ့ ခ်စ္သူမိန္းကေလးကေတာ့ အဆိုေတာ္မေလး Tana Mongeau ျဖစ္ျပီး ခ်စ္သူသက္တမ္း(၂) နွစ္ ၀န္းက်င္မွာ သူတို႕ အခ်စ္ေရးကေတာ့ အျပီးသတ္သြားခဲ့ျပီလို႕ ဆိုရမွာပါ။

 

လက္ရွိမွာေတာ့Bella Thorne ဟာ အီတလီ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ Benjamin Mascolo နဲ႕ အေမရိကန္ ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ စားေသာက္ဆုိင္ တစ္ခုမွာ အတူ ဧျပီလ(၁၇)ရက္ေန႕က လက္ပြန္းတတီးနဲ႕ အတူျမင္ေတြ႕ရတာျဖစ္ျပီး သူတို႕နွစ္ေယာက္ရဲ႕ အေျခအေနကေတာ့ လူျမင္ကြင္းမွာေတာင္ ခ်စ္ခန္းဖြင့္ကာ အနမ္းေတြေျခြေနတာမို႕ Bella Thorne တစ္ေယာက္ကေတာ့ ခ်စ္သူ ထပ္ရလို႕ ေနျပီျဖစ္ပါတယ္။ သူမရဲ႕ ခ်စ္သူေကာင္ေလးသစ္နဲ႕ သိပ္ကို ေပ်ာ္ရႊင္ေနသလို သူမရဲ႕ ရည္းစားေဟာင္း မိန္းကေလး Tana Mongeau အတြက္ေတာ့ စိတ္မေကာင္းစရာ လို႕ ဆိုရမွာပါ….ေနာ္။ ဆယ္လီကမာၻပရိသတ္ၾကီးေရ…။

 

Source:http://www.justjaredjr.com
Khin Mi Mi@ CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

Shake It Up ဆိုတဲ့ ဇာတ်လမ်းနဲ့ နာမည်ရလာခဲ့တဲ့ မင်းသမီး Bella Thorne ဟာ လက်ရှိမှာ အသက်(၂၁ ) နှစ် သာရှိသေးပြီး ဟောလီဝုဒ်မင်းသမီးတစ်ယောက်လည်း ဖြစ်သလို ပေါ့ခ်နဲ့ ပေါ့ခ်ရောခ့် အမျိုးအစား သီချင်းတွေကို သီဆိုတဲ့ အဆိုတော်မလေးတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ Midnight Sun (2018) နဲ့ Assassination Nation (2018) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကား ထွက်ရှိခဲ့ကာ (၂၀၁၉) ခုနှစ်အတွင်းမှာတော့ သူမရဲ့ ရုပ်ရှင် နဲ့ သီချင်းတွေကို အတွေ့နည်းနေသေးတယ်လို့ ဆိုရမှာပါ။

လတ်တလောမှာ မင်းသမီး Bella Thorne ကို အများက စိတ်ဝင်စားနေစေတဲ့ အချက်ကတော့ သူမရဲ့ အချစ်ရေးဖြစ်ပြီး မင်းသမီး Bella Thorne ဟာ အမျိုးသားကော အမျိုးသမီးကို ပါ ချစ်နှစ်သက်တတ်တဲ့ Bisexual တစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့ဖူးသူဖြစ်ပါတယ်။ လိင်တူချစ်သူတစ်ယောက်အနေနဲ့ သူမပထမဆုံးတွဲခုတ်နေတဲ့ ချစ်သူမိန်းကလေးကတော့ အဆိုတော်မလေး Tana Mongeau ဖြစ်ပြီး ချစ်သူသက်တမ်း(၂) နှစ် ဝန်းကျင်မှာ သူတို့ အချစ်ရေးကတော့ အပြီးသတ်သွားခဲ့ပြီလို့ ဆိုရမှာပါ။

လက်ရှိမှာတော့Bella Thorne ဟာ အီတလီ အဆိုတော်တစ်ယောက်ဖြစ်တဲ့ Benjamin Mascolo နဲ့ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ စားသောက်ဆိုင် တစ်ခုမှာ အတူ ဧပြီလ(၁၇)ရက်နေ့က လက်ပွန်းတတီးနဲ့ အတူမြင်တွေ့ရတာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ အခြေအနေကတော့ လူမြင်ကွင်းမှာတောင် ချစ်ခန်းဖွင့်ကာ အနမ်းတွေခြွေနေတာမို့ Bella Thorne တစ်ယောက်ကတော့ ချစ်သူ ထပ်ရလို့ နေပြီဖြစ်ပါတယ်။ သူမရဲ့ ချစ်သူကောင်လေးသစ်နဲ့ သိပ်ကို ပျော်ရွှင်နေသလို သူမရဲ့ ရည်းစားဟောင်း မိန်းကလေး Tana Mongeau အတွက်တော့ စိတ်မကောင်းစရာ လို့ ဆိုရမှာပါ….နော်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ…။

 

scroll to top