
collage-92.jpg



Source – Chaink K Ko
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

လူထုအကျိုးပြုဇာတ်လမ်း တွေကို ပါ ရိုက်ကူးခွင့်ရတော့မယ့် ဘနားနား

လူထုအကျိုးပြုဇာတ်လမ်းကို မနက်ဖန်စတင်ရိုက်ကူးပါတော့မည် လို့ ကြေညာလိုက်တာကတော့ ပြည်သူ့ အချစ်တော် ဘနားနား ပါ ။ ကျနော်အများပြည်သူအတွက် အကျိုးပြုမည့်ဇာတ်ကားများဆက်လက်ကြိုးစားရိုက်ကူးသွားမှာ ပါလို့လည်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားထားတာ ကိုတွေ့ရပါတယ်။

ဇာတ်လမ်း -မီလျှံ (မြန်မာ) ရဲ့ “တောသားဆိုပြီးအချဉ်မဖောက်နဲ့” ဆိုတဲ့ ဇာတ်လမ်းကို သရုပ်ဆောင်_ခြိမ့်ကေကို_(Banana) ၊ဦးဝင်မြိုင် နှင့် Million,အဖွဲ့သားများက ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပြီး ဇာတ်ညွန်းနှင့်ဒါရိုက်တာ -စိုးမိုးမင်း ကရိုက်ကူးပေးမှာဖြစ်တယ်လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ သရဲကား နဲ့ ပရိသတ်တွေရဲ့ အားပေးမှု ကို ရရှိလာတဲ့ ဘနားနား တစ်ယောက် တိုင်းကျိုးပြည်ပြု ကားတွေရိုက်ကူးမယ်ဆိုတဲ့ အပေါ် ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။

Source – Chaink K Ko
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top