
46511334_2085364244827495_1413444741789384704_n_Fotor_Collage.jpg

 


 


Source – Aung Min Khant
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ထူးခြားတဲ့ မွေးနေ့ကို အံ့သြမှုတွေနဲ့ ဖြတ်သန်းခဲ့ တဲ့ အောင်မင်းခန့်

အောင်မင်းခန့် တစ်ယောက် ထူးခြားလှတဲ့ မွေးနေ့ကို ပရိသတ်တွေနဲ့ အတူ ဖြတ်သန်းခဲ့တယ်လို့သိရပါတယ် ။ အောင်မင်းခန့်တစ်ယောက်” ဒီနှစ်မွေးနေ့ကကျနော်အတွက် နေ့လရက် အကုန်တိုက်တဲ့ထူးခြားတဲ့မွေးနေ့လေးပါကျနော်အတွက် မွေးနေ့ဆုတောင်းပေးကြတဲ့လေးစားချစ်ခင်ရတဲ့ လူကြီးသူမများလုပ်ဖေါ်ကိုင်ဘက်များညီကိုပေါင်းသင်းများအရမ်းကိုချစ်ရသော ပရိသတ်များ We love AMK မိသားစုများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်ဗျာ Shooting မှာ BD surprise လုပ်ပေးတဲ့ မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန အဖွဲ့သားများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာ”လို့ လူမှုကွန်ရက်က နေရေးသားပေးထားတာကိုတွေ့ရပါတယ်။

Source – Aung Min Khant
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

အပြာကားထွက်တယ်ဆိုတဲ့ သတင်း ကို ခပ်ကြမ်းကြမ်း တုံ့ပြန်ခဲ့တဲ့ ဇေရဲထက်

ဇေရဲထက် တစ်ယောက် လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးနေတဲ့ ညစ်ညမ်း ဇာတ်လမ်းတို နဲ့ ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ် ။ တရုတ်နိုင်ငံသားတွေရဲ့ ကုတင်ထက်က ဇာတ်လမ်းတစ်ပုဒ်မှာ ဇေရဲထက် နဲ့ တူသူတစ်ယောက် ကို ဇေရဲထက်ဆိုပြီး နာမည်ဖျက်နေကြတာ ကြောင့် လူမှုကွန်ရက်ပေါ်ကနေ ပြန်လည်ဖြေရှင်းခဲ့တာပါ ။

ဇေရဲထက်တစ်ယောက် “HD18++ခွီး လာပါအိမ်မှာကြမ်းရုံတင်မကဘူး အိမ်ပါယိုင်သွားစေရမယ်ဟီး အမွှေပေါ့ လူတွေရယ် ခက်တယ်လို့မပြောချင်ဘူးးယုတ်မာတယ်လို့ပဲပြောပါရစေ ခုချိန်ထိ မရပ်သေးဘူးနော်တိုက်တာ ခိုက်တာ ယုတ်မာတာတွေးးမလိုတမာတွေရယ် သေရင် အာ့စိတ်နဲ့မသေနဲ့ ပြိတ္တာဖြစ်နေမယ် ပုံနဲ့တကွချပြတာသိစေချင်လို့ပါ အောက်မှာ လင့်ခ်ပါနေတာတောင် ယုံတဲ့လူကယုံနေကြတယ်နော်” လို့ ရေးသားထားတာ ကိုတွေ့ရပါတယ်။

Source – Zay Ye Htet
Nay Madhuri
ယူနီကုဒ်ဖြင့် ဖတ်ရန်

ဦးထုတ်မပါတဲ့ ပုံတွေကို ပရိသတ်တွေအတွက် အလင်းပြလိုက်တဲ့ ဆောင်းဦးလှိုင်

ဆောင်းဦးလှိုင်တစ်ယောက် အစအနောက်သန်တဲ့ သူတွေရဲ့ လက်ချက်ကြောင့် ဦးထုတ်မဆောင်းတဲ့ မဟာနဖူး နဲ့ ပုံတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ပရိသတ်တွေက ဆောင်းဦးလှိုင် ဦးထုတ်မဆောင်းထားတဲ့ ပုံတွေကို အသည်းအသန်လိုက်ရှာခဲ့ကြတာပါ ။

အခုတစ်ခေါက်မှာတော့ ဆောင်းဦးလှိုင် တစ်ယောက် ဦးထုပ် မဆောင်းတဲ့ပုံတွေကို အလင်းပြလိုက်ပြီဖြစ်ပါတယ်။ ဆောင်းဦးလှိုင် တစ်ယောက် မိမိ၏ ဦးထုပ်မပါသော အနေအထားအားအလွန်အမင်းစိတ်ဝင်စားကြပါကြောင်း
သိလိုက်ရသဖြင့်၎င်း…မြန်မာဘောအသင်းရှုံးနိမ့်မှုအတွက်ဝမ်းနည်းကြေကွဲခြင်းများအပြီးရယ်မောပျော်ရွှင်စေလိုသောကြောင့်၎င်း…ဆောင်းဦးလှိုင် ” ဆိုပြီးလူမှုကွန်ရက် ကနေ ပြန်လည်မျှဝေထားတာကိုတွေ့ရပါတယ်။

Source – Song Oo Hlaing
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top